ဦးပုည: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{copyedit}}
==စလေဦးပုည==
'''သူပြောင်လျှင် ခေါင်ကွန့်လို့-ချီ''' ကိုယ်ရည်သွေး တေးထပ်ရေးသူ စလေဆရာကြီး ဦးပုညသည် မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ သက္ကရာဇ် ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်တွင် ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကို ပုတ်၍ ကစားသောကြောင့်စည်ကိုပုတ်၍ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။ (ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍ ကွဲပြားကြပါသည်။) ငယ်ရွယ်စဉ်အခါက စလေမြို့ရှိ ဘုန်းတော်ကြီးကျောင်း(ခင်ကြီးစ)၌ ပညာစတင် သင်ကြားခဲ့သည်။
 
 
မောင်ပုတ်စည် ၆-နှစ် အရွယ်မှစ၍ [[အမရပူရ]]မြို့မြို့၊ တူမောင်းတိုက် ဆရာတော် ဦးဒီပထံတွင် ပညာသင်ကြားသည်။ ထို့နောက် အသက် ၈ နှစ်အရွယ်တွင် [[ဗန်းမော်ဆရာတော်]] ထံတွင် သာမဏေပြု၍ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင်ယင်းအမည်ကိုစွဲ၍ နောင်တွင် ဦးပုညဟု တွင်ခြင်းဖြစ်သည်။ ပညာကို ဆက်လက်သင်ကြားသည်။ သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့် စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်း မေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့် ထင်ရှားစေနိုင်ခဲ့သည်။
သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့် ထင်ရှားစေနိုင်ခဲ့သည်။
 
၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် [[ရန်ကုန်မြို့]]သို့ လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊အမရပူရမြို့၊ ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌ သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ ပြည့်နှစ်တွင် လူထွက်ခဲ့၍ [[ကနောင်မင်းသား]]ထံတွင် ခစားရသည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့ သူကြီးရာထူးကို သူကြီးဟောင်းမောင်ကြူနှင့်အပြိုင် လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်း ဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာ ဘွဲ့ဖြင့် [[လက်ဖက်ရည်တော်]]တွင် အမှုထမ်းရသည်။ <ref>တင်ထွေးရေးသားသော ဦးပုည၏ စာပန်းကုန်းများ</ref>
 
[[မင်းတုန်းမင်း]]တရားကြီး ရတနာပုံ [[မန္တလေးမြို့]]၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တစ်နှစ်လျှင် ဒေါင်းဒင်္ဂါး ၆၀၀-ကျပ်နှင့် ဝင်းမြေနေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်း ခံရသည်။