ဝင်စတန် ချာချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂ -
 
ဗြိတိန်နိုင်ငံ နိုင်ငံပြုသုခမိန်နှင့် ကျမ်းပြုဆရာ ဝင်စတန်ချာချီသည် အဘလော့ရန်းဒေါ့ချာချီနှင့် အမိအမေရိကန်သူ ဂျင်နီဂျရုံးတို့မှ ခရစ် ၁၈၇၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဟယ်ရိုကျောင်းနှင့် ဆင်းဟတ်စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် စစ်ဘက်သို့ ဝင်ရောက်အမှုထမ်းသည်။ ထိုနှစ်တွင်ပင် စစ်တပ်မှခွင့်ခံ၍ ရရှိသည့်အားလပ်ချိန်တွင် [[ကျူးဘား]]ကျွန်းသို့ သွားရောက် အမှုထမ်းသည်။ ထိုနှစ်တွင်ပင် စစ်တပ်မှ ခွင့်ခံ၍ ရရှိသည်အားလပ်ချိန်တွင် ကျူးဗားကျွန်းသို့ သွားရောက်၍ စပိန်တို့အား တော်လှန်တိုက် ခိုက်နေသော ကျူးဘားစစ်ပွဲများတွင် စစ်သတင်းထောက်အဖြစ်ဖြင့် သတင်းယူရင်း လည်ပတ်ခဲ့သည်။ ၁၈၉၆ ခုနှစ် တွင် အိန္ဒိယပြည်သို့ သွားရောက် စစ်မှုထမ်းရသည်။ ထိုစဉ်အတွင်း အိန္ဒိယအနောက် မြောက်နယ်စပ်တွင် ဆူပူထကြွမှုများဖြစ်သောကြောင့် မလကန်စစ်ဆင်ရေးမြေပြင်တပ်ဖွဲ့ကို ဗြိတိသျှတို့က ဖွဲ့စည်း၍ နှိမ်နင်းရန် လွှတ်သည်တွင် ချာချီသည် သူ၏တပ်မှ ခွင့်ယူ၍ တစ်ဖန် အင်္ဂလိပ်သတင်းစာများအတွက် စစ်သတင်းထောက် အဖြစ်ဖြင့် လိုက်ပါသွားလေသည်။ ဤအခါတွင်မူ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရသည်ကို ကြုံခဲ့လေသည်။ ချာချီသည် သူ၏တပ်သို့ ပြန်လည်အမှုထမ်းရသောအခါ မလကန် စစ်ဆင်ရေးမြေပြင်တပ်ဖွဲ့အကြောင်း မှတ်တမ်းတင်စာအုပ်ကို ရေးသားထုတ်ဝေရာ၊ လူကြိုက်များလေသည်။ ၁၈၉၈ ခုတွင်လည်း အင်္ဂလန်ပြည်၌ ခွင့်နှင့်နေစဉ်၊ ဆူဒန်ပြည်၌ ဒါးဗစ်များ ထကြွနေသည်ကို နှိမ်နင်းရန် ဗိုလ်ချုပ်မှူးကစ်ချနာသည် [[နိုင်းမြစ်]]ကို ဆန်တက်၍ စစ်တပ်ချီရာ စစ်သတင်းထောက်အဖြစ်နှင့်ပင် လိုက်ပါသွားသည်။ ထိုစဉ်က ကြုံတွေ့ခဲ့သမျှကို မြစ်ကြောင်းစစ်ပွဲ (သီရီးဗားဝေါ)အမည်ဖြင့် မှတ်တမ်းတင် စာအုပ်တအုပ် ရေးလိုက်ပြန်သည်။ အီဂျစ်မှ ပြန်လာပြီးနောက် ၁၈၉၉ ခုနှစ်တွင် စစ်ဖက်မှ နုတ်ထွက်ခဲ့လေသည်။ ၁၈၉၉ ခုနှစ်မှ ၁၉ဝဝ ပြည့်နှစ်အထိ တောင်အာဖရိကတိုက် ဗိုးဝါးစစ်ပွဲတွင် မောနင်းပို့သတင်းစာအတွက် စစ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုးဝါးတို့၏ လက်ရဖမ်းဆီးခြင်းကို တစ်ခါခံလိုက်ရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။
[[File:Sir Winston S Churchill2.jpg|thumb|ဆာ ဝင်စတန် ချာချီ]]
 
၁၉ဝဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်သို့ ပြန်လာခဲ့ပြီးလျှင် အိုဒမ်နယ်မှ ကွန်ဆားဗေးတစ်ပါတီဝင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်မှစ၍ ချာချီသည် နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင်၊ ဂျိုးဇက်ချိန်ဗာလိန်၏ ဆိပ်ကမ်းခွန် တိုးတက်ကောက်ခံရေးအဆိုများကို ချာချီသည် အပြင်းအထန် ကန့်ကွက်၍ ကွန်ဆားဗေးတစ်ပါတီမှ ထွက်လိုက်သည်။ ၁၉ဝ၆ ခုနှစ်တွင် အနောက်မြောက် မန်ချက်စတာနယ်မှ လစ်ဗရယ်အဖွဲ့ဝင် လွှတ်တော်အမတ်အဖြစ် ပြန်လည်ရွေးကောက်ခြင်း ခံခဲ့ရပြန်သည်။ ၁၉ဝ၆ ခုနှစ်တွင် ချာချီသည် လစ်ဗရယ်ဝန်ကြီးချုပ် ကင်းဗဲဗန်းနားမန်း၏ အစိုးရအဖွဲ့တွင် ကိုလိုနီနယ်များဆိုင်ရာ ပါလီမန်ဝန်ကလေးအဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ၁၉ဝ၈ ခုနှစ် တွင် ဝန်ကြီးချုပ်သစ် အက်စကွစ်လက်အောက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာခဲ့လေသည်။ ချာချီသည် အသက် ၃၄ နှစ်တွင် ဝန်ကြီးရာထူးကို ပထမ ၅ ဦး ထွန်းကား၏။ ၁၉၁ဝ ခုနှစ်တွင် ချာချီသည် ပြည်ထဲရေးဝန်ကြီးရာထူးကို ပြောင်းလွဲလက်ခံသည်။ ၁၉၁၁ ခုနှစ်တွင် ဂျာမနီပြည်နှင့် စစ် ဖြစ်မည့်အရိပ်အယောင်များ ပေါ်လာရာ၊ ရေတပ်ဝန်ကြီးအဖြစ်ဖြင့် ပြောင်းလွှဲ အမှုထမ်းရပြန်သည်။ ရေတပ်ဝန်ကြီးအဖြစ်ဖြင့် ချာချီသည် ရေတပ်ကို တိုးချဲ့၍ လက်နက်ကိရိယာများ ပြည့်စုံအောင် တပ်ဆင်စေသည်။ ရေတပ်ဌာနချုပ် စစ်ဦးစီးအဖွဲ့ကိုလည်း ဖွဲ့စည်းသည်။ ရေတပ်သင်္ဘော(၂ သန်း)ဖိုးမျှ အင်္ဂလိုပါးရှင်ရေနံကုမ္ပဏီတွင် အစိုးရအရင်းအနှီး မြှုပ်ခဲ့စေ၏။