တိမ်တိုက် ကွန်ပျူတာ: တည်းဖြတ်မှု မူကွဲများ

New page
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
(ကွဲပြားမှု မရှိ)

၁၆:၅၀၊ ၁၉ ဧပြီ ၂၀၁၉ ရက်နေ့က မူ

တိမ်တိုက် ကွန်ပျူတာ (အင်္ဂလိပ်: cloud computing) ဆိုသည်မှာ သိုလှောင်မှု၊ တွက်ချက်မှု နှင့် အသုံးချမှု စွမ်းအား ကွန်ပျူတာ အရင်းအမြစ် (system resources) များကို လူကိုယ်တိုင် တိုက်ရိုက် စီမံခန့်ခွဲရန် မလိုအပ်ဘဲ လိုအပ်လျှင် လိုအပ်သလို အလိုအလျှောက် ပေးစွမ်းနိုင်သော ကွန်ပျူတာစနစ် ဖြစ်သည်။ အင်တာနက် ပေါ်မှ လူအများသုံး နိုင်သော အချက်အလက် သိုမှီးရာ ဗဟို ဌာနကြီးများကို ရည်ညွန်းရာ တွင် တိမ်တိုက် ကွန်ပျူတာ ဟု ရည်ညွန်း သုံးနှုံးလေ့ရှိသည်။[၁][၂]

အလွန်ကြီးမားသော တိမ်တိုက် ကွန်ပျူတာ စနစ်ကြီးများကို  ကမ္ဘာ့ နေရာအနှံ့ တွင်  ဗဟိုဌာနများ ဖြန့်ခွဲ ထားရှိလေ့ရှိသည်။[၂]

လုပ်ငန်းဌာန တစ်ခုအတွက် ကန့်သတ် တည်ထောင်ထားသော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လုပ်ငန်းသုံးတိမ်တိုက် (enterprise cloud)၊  လုပ်ငန်းဌာန အများအပြား အသုံးပြု နိုင်သော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လူထုတိမ်တိုက် (public cloud) ဟု ခေါ်ဆိုကြသည်။ ထို တိမ်တိုက်စနစ် နှစ်မျိုး စလုံး အသုံးချနိုင်သော စနစ်ကို ပေါင်းစပ်တိမ်တိုက်  (hybrid cloud) ဟု ခေါ်ဆိုသည်။

ကမ္ဘာ့ အကြီးမားဆုံး တိမ်တိုက် ကွန်ပျူတာ စနစ်မှာ အမေဇုံ ၏ Amazon AWS ဖြစ်သည်။ [၃]

တိမ်တိုက် ကွန်ပျူတာ စနစ်၏ အဓိက အားသာချက် များမှာ

  • အသုံးပြုသူများ အတွက် စနစ်တစ်ခုစတင် တည်ထောင်ရန် ကုန်ကျစရိတ် နဲခြင်း
  • စနစ် ကို ပေါ့ပါး သွက်လက်စွာ ပြောင်းလဲနိုင်ခြင်း
  • စနစ်ကြီးမား ပါက ပို၍ စရိတ် သက်သာခြင်း
  • ထိန်းသိမ်း စရိတ် သက်သာခြင်း
  • ကွန်ပျူတာ အရင်းအမြစ် လိုအပ်ချက် များကို ကြိုတင်ခန့်မှန်းရန် မလိုခြင်း နှင့်
  • ကွန်ပျူတာ စနစ် တစ်ခုကို ကမ္ဘာအနှံ့ အလွန်လျင်မြန်စွာ ဖြန့်ကျက် ချထား နိုင်ခြင်း

တို့ ဖြစ်သည်။


  1. Wang. "Enterprise cloud service architectures". 
  2. ၂.၀ ၂.၁ What is Cloud Computing?Amazon Web Services (2013-03-19)။ 2013-03-20 တွင် ပြန်စစ်ပြီး။
  3. https://www.zdnet.com/article/amazon-aws-everything-you-should-know-about-the-largest-cloud-provider/