ဝီကီပီးဒီးယား:အကြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Help pages header}}
[[ဝီကီပီးဒီးယား]] ဆိုသည်မှာ သုံးစွဲသူများ စုပေါင်း ရေးသားကြသော အွန်လိုင်း [[စွယ်စုံကျမ်း]] တစ်ခုသာ ဖြစ်ပါသည်။ ဝီကီဟု ခေါ်သော [[ဝက်ဘ်ဆိုက်]] ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်းဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြပါသည်။
 
==ဝီကီပီးဒီးယားသည် အောက်ပါ ခေါင်းစဉ်များကို ရေးသားရန် မဟုတ်ပါ==
စာကြောင်း ၁၇ -
*အချို့သော ခေါင်းစဉ်များ အထူးသဖြင့် လက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာများ နှင့် နိုင်ငံရေး စသည်တို့သည် လူတို့၏ စိတ်လှုပ်ရှားမှုကို ဖြစ်စေသကဲ့သို့ သင်အနှစ်သက်ဆုံးသော ဘက်ကို သိသိသာသာ ဘက်လိုက်၍ ရေးသားခြင်း ဖြစ်စေနိုင်ပါသည်။ ဝီကီပီးဒီးယားသည် သင်၏ အမြင်ကို ဘက်လိုက် ဖော်ပြန်ရန် နေရာမဟုတ်ပါ။ ဆောင်းပါးများတွင် ဟိုဘက်ဒီဘက် နှစ်ဘက်စလုံး အမြင်ကို တင်ပြသင့်ပါသည်။ ထို့အပြင် အချိန်ကြာသော်လည်း အခြားသူများအတွက် အကျိုးရှိမည့် ခေါင်းစဉ်မျိုးကို ရေးသားရန် လိုအပ်ပါသည်။ သတင်းသက်သက် ကို မရေးသားရန် မေတ္တာရပ်ခံပါသည်။
* သက်ရှိထင်ရှား ရှိနေသောသူများ၏ အကြောင်းကို ရေးရာတွင် ဆောင်းပါး၏ အရည်အသွေး အလွန်မြင့်မားရန်နှင့် တခြားလူပုဂ္ဂိုလ်တို့၏ ပရိုက်ဗေစီကို လေးစားရန် လိုအပ်ပါသည်။ သက်ရှိထင်ရှားလူတို့၏ အတင်းအဖျင်းများကို ဖြန့်ဖြူးရန်နှင့် အခြားသူများ၏ ဂုဏ်သရေကို ညှိုးနွမ်းစေရန် တမင်သက်သက် တိုက်ခိုက်ခြင်းမျိုး မဖြစ်စေရန် လိုအပ်ပါသည်။
* မိမိ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားရန် နေရာမဟုတ်ပါ။ ဝီကီပီးဒီးယားတွင် ပါရှိသော လူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများသည် ဝီကီပီးဒီးယားတွင် ပါရှိရန် [[:en:Wikipedia:Notabilityထင်ရှားအရေးပါမှု|ထင်ရှားအရေးပါမှု]] ၊ [[:en:Wikipedia:Conflict of interest]] အစရှိသော လမ်းညွှန်ချက်များနှင့် ကိုက်ညီရပါမည်။ အတိုချုံးပြောရလျှင် သတင်းစာ၊ ဂျာနယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်း အပို့မခံရသူ တစ်ယောက် အနေနှင့် ဝီကီပီးဒီးယားတွင် အတ္ထုပ္ပတ္တိ ပါဝင်ရန် လိုအပ်ချက်နှင့် မကိုက်ညီပါ။
* မိမိ၏ ကိုယ်ပိုင် ကုမ္ပဏီ လုပ်ငန်း စသည်တို့ကို ကြော်ငြာသည့် အနေနှင့် မရေးသားရန် လိုအပ်ပါသည်။