နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၆ -
 
==တာဝန်နှင့် လုပ်ပိုင်ခွင့်များ==
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးသည် အစိုးရအဖွဲ့အတွင်းရှိ လုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်သော နိုင်ငံတော် ဝန်ကြီးချုပ်ရာထူးနှင့် ဆင်တူပြီး ပြည်ထောင်စုအင်္ဂါစဉ်တွင်[[ပြည်ထောင်စုအင်္ဂါစဉ်]]တွင် သမ္မတပြီးလျှင် နံပါတ်၂နေရာတွင် ရှိသည်။<ref>[https://www.linkedin.com/pulse/nld-lead-government-protocol-list-thet-aung-min-latt NLD lead government protocol list | LinkedIn<!-- Bot generated title -->]</ref> အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ခုအကြား အချိတ်အဆက်လည်း ဖြစ်သည်။ ရာထူးသက်တမ်းမှာ နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်းပင် ဖြစ်သည်။<ref>{{cite web|url=http://aa.com.tr/en/politics/myanmar-mps-approve-suu-kyi-as-advisor-to-state-/549634|title=Myanmar MPs approve Suu Kyi as ‘advisor to state'|work=Anadolu Agency}}</ref>
===နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ===
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ခုနှစ် ဧပြီလ၆ရက်​နေ့တွင် နိုင်ငံ​တော်သမ္မတ ဦးထင်​ကျော်က လက်မှတ်​ရေးထိုးကာ ပြည်​ထောင်စုလွှတ်​တော်က အတည်ပြုခဲ့သည်။
====နိဒါန်း====
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဈေး ကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရန် လည်းကောင်း၊ ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်လည်းကောင်း ပြည်ထောင်စု လွှတ်တော်က ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
 
====အခန်း(၁)====
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
 
၁။ ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။
 
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရ မည်-
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုလိုသည်။
(ခ) အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်မှာ အခန်း(၂) ပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ဤဥပဒေ အရ တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုလိုသည်။
 
====အခန်း(၂)====
ရည်ရွယ်ချက်များ
 
၃။ (က) ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊
(ခ) ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊
(ဂ) ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊
(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။
 
====အခန်း(၃)====
တာဝန်ပေးအပ်ခြင်း
 
၄။ ၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အ တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်။
 
====အခန်း(၄)====
တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
 
၅။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အ ကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်။
(ခ) အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်။
(ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။
(ဃ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက်ရရှိသည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်။
(င) အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ် ထားရှိရမည်။
 
====အခန်း(၅)====
အထွေထွေ
 
၆။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ် သည်။
 
၇။ ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင် သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်။
 
၈။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုအပ်သော နည်းဥပဒေ များကို ထုတ်ပြန်နိုင်သည်။<ref>{{cite web|url=https://www.mlis.gov.mm/lsScPop.do?lawordSn=245|title=နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ|work=မြန်မာဥပ​ဒေ သတင်းအချက်အလက်စနစ်၊ [[ပြည်ထောင်စုရှေ့နေချုပ်ရုံး]]}}</ref>
 
==နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်များ စာရင်း==