အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂ -
 
== သမိုင်းကြောင်း==
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဒေသ၏ သဘာဝပတ်ဝန်းကျင် အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၃ ခုနှစ်မှ စတင်၍ မြေယာကျေးလက် တိုးတက်ကြီးပွားရေး ကော်ပိုရေးရှင်း (မြေကျေးရှင်း)ကို ဖွဲ့စည်းခဲ့ပြီး အပူပိုင်းမိုးနည်းဒေသများကို ပတ်ဝန်းကျင် အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ၁၉၅၃-၅၄ ဘဏ္ဍာနှစ်မှ ၁၉၆၂-၆၃ ဘဏ္ဍာနှစ် အထိ (၁၀)နှစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ [[သစ်တောဦးစီးဌာန]]မှ ဆက်လက် တာဝန်ယူခဲ့ပြီး ၁၉၆၃-၆၄ ဘဏ္ဍာနှစ်မှ ၁၉၈၁-၈၂ ဘဏ္ဍာနှစ်ထိ နှစ်(၂၀)အား (၁၀)နှစ် စီမံကိန်း နှစ်ရပ်ဖြင့် ၁၉၆၃-၆၄ ဘဏ္ဍာနှစ်မှ ၁၉၇၂-၇၃ ဘဏ္ဍာနှစ်ထိ(၁၀)နှစ်နှင့် ၁၉၇၂-၇၃ ဘဏ္ဍာနှစ်မှ ၁၉၈၁-၈၂ ဘဏ္ဍာနှစ်ထိ (၁၀) နှစ်၊ သတ်မှတ်လျက် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ခဲ့သည်။ ထိုစဉ်က မိတ္ထီလာသစ်တောခရိုင်တွင်သာ အများဆုံး ဆောင်ရွက်ခဲ့ပြီး၊ အထူးသဖြင့် ပုပ္ပါးတောင် ရေဝေရေလဲသစ်တောများ ပြန်လည်ထူထောင်၍ ကျေးရွာသစ်တောများနှင့် စံပြသစ်တောများကို ဦးစားပေး တည်ထောင်ခဲ့သည်။
 
၁၉၈၂ ခုနှစ် နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံအား ခရိုင်အဆင့်ရုံးများ ဖျက်သိမ်းခဲ့သဖြင့် မြို့နယ်အဆင့်ရုံးများဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ၁၉၉၄-၉၅ ဘဏ္ဍာနှစ်တွင် ပထမ(၃)နှစ်တာကာလအား စမ်းသပ်ကာလအဖြစ် သစ်တောဦးစီးဌာနက အထူးဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းအား စတင်ခဲ့သည်။ ၁၉၉၅-၉၆ ဘဏ္ဍာနှစ်တွင် ကိုးခရိုင် မှ (၁၃)ခရိုင်သို့ တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ ၁၉၉၆-၉၇ ဘဏ္ဍာနှစ် မြင်းခြံခရိုင်တွင် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေး အထူးလုပ်ငန်း စီမံကိန်းကို စတင် ဆောင်ရွက်ခဲ့သည်။
 
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်၍ အလေးထားဆောင်ရွက်သွားရန်၊ အပူပိုင်းဒေသ၌ နောင်သားစဉ်မြေးဆက် ရေရှည် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်သွားရန်နှင့် ဒေသခံပြည်သူများလည်း နားလည်သိရှိပြီး ပူးပေါင်းပါဝင်အောင် စည်းရုံး ဆောင်ရွက်သွားရန်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။<ref>{{cite web|url=http://www.monrec.gov.mm/?q=department/7|title=အပူပိုင်း​ဒေသစိမ်းလန်းစိုပြည်​ရေးဦးစီးဌာန|publisher=[[သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန]]|accessdate=}}</ref>သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်စွဲပါ စာအမှတ် ၁/၁၈၀ (က) (၆)/(၆၂၀/၉၇) ဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား တိုင်းဒေသကြီး(၃)တိုင်း၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၇)မြို့နယ်၊ အပူပိုင်းဒေသ၏ သစ်တောဧရိယာ အကျယ်အဝန်း ၂၁.၅၅၇ သန်း ဧက၊ အရာထမ်း(၁၃၇)ဦး၊ အမှုထမ်း(၃၀၉၄)ဦး၊ ပေါင်း (၃၂၃၁) ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ် ကို ဖွင့်လှစ်ခဲ့သည်။
 
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဖွဲ့စည်းပုံအား ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ စတင်၍ မကွေးတိုင်းဒေသကြီး၊ [[ဂန့်ဂေါခရိုင်]] (ဂန့်ဂေါ၊ ထီးလင်းနှင့် ဆော) (၃)မြို့နယ်အား ချန်လှပ်၍ တိုင်းဒေသကြီး(၃)တိုင်း၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၄)မြို့နယ်၊ အကျယ်အဝန်း(၂၀.၁၇)ဧကသန်းဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။