ကုန်းဘောင်မင်းဆက်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃ -
ခရစ် ၁၇၅၂ ခု ၊ မတ်လ (၁၁) ရက်နေ့တွင် ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ ခရစ်(၁၇၃၃-၅၂) နှင့် မိဘုရားတို့ [[ဟံသာဝတီ]]သို့ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသည် အစုအစည်းမဲ့သော အခြေအနေသို့ ရောက်ရှိခဲ့တော့သည်။ သို့ကလို အဘက်ဘက်မှ ယိုယွင်းပျက်စီးပြိုလဲနေသော နိုင်ငံတော်ကြီးကို တတိယအကြိမ် တလုံးတစည်းတည်း စုစည်းတည်ထောင် စုရုံးနိုင်ခဲ့သူမှာ မုဆိုးဖို (ရွှေဘို)မှ ရွာသူကြီး ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားကြီး ဖြစ်သည်။ [[ပုဂံခေတ်]]တွင် အနော်ရထာမင်းမြတ်သည် ပထမဦးစွာ မြန်မာနိုင်ငံတော်ကို စည်းရုံးနိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းခဲ့၍ အရှေ့တောင်အာရှတွင် မြန်မာ့အာဏာဆက်သည် ကျယ်ပြန့်ခဲ့သည်။ အလားတူပင် ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယအကြိမ် အလောင်းမင်းတရားတို့သည်လည်း ပထမအကြိမ် [[အနော်ရထာ]]မင်းမြတ်ကဲ့သို့ပင် နိုင်ငံတော်ကြီးကို စည်းရုံးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်၏ အာဏာဆက်ကိုလည်း ကျယ်ပြန့်နိုင်ခဲ့ကြသည်။
 
အင်းဝနေပြည်တော် မပျက်မီကပင် မုဆိုးဖိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး မိုးညင်းမင်းတရားအဆက် မုဆိုးဖိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင်အကြီးအကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်းထင်ပေါ်ခဲ့၍ အင်းဝပျက်ပြီးသောအခါ ၁၇၅၂ ခု ၊ ဧပြီလ (၉)ရက်နေ့တွင် မုဆိုးဖိုမြို့သူကြီး ဦးအောင်းဇေယျထံသို့ မွန်အင်အားစု လာရောက် သစ္စာပေးသည်။ တစ်နေ့တည်းမှာပင် ကွေ့မင်းဂုဏ္ဏအိန်အဖွဲ့လည်း လာရောက် သစ္စာပေးသည်။ ယင်းသို့ သစ္စာပေးသည်ကို ဥပါယ်တံမျဉ်ဖြင့် ငြင်းပယ်၍ခရစ် ၁၇၅၂ ခု ၊ ဧပြီလ (၁၇)ရက်နေ့ မြို့သူကြီး ဦးအောင်ဇေယျသည် အလောင်းမင်းတရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်အဖြစ် ခံယူခဲ့လေသည်။ သို့ကလို ကုန်းဘောင်းမင်းဆက်ကို မြန်မာသက်ကရာဇ် ၁၁၁၅ ခုနှစ် တွင် တည်ထောင်သည်ကို အမှတ်ရလွယ်ကူစေရန် '''[[ဥဩအော်မြည် ကုန်းဘောင်တည်''']] ဟူ၍ မှတ်သားထားခဲ့ကြလေသည်။
 
===ဘာကြောင့်ခေါ်===
စာကြောင်း ၁၂၃ -
=== သုံးသပ်ချက် ===
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ [[အလောင်းဘုရား|အလောင်းမင်းတရား]] မှသည်နောက်ဆုံး [[သီပေါမင်း]]အထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၎င်းတို့မှာ [[ဘိုးတော်ဘုရား]] နှင့်[[မင်းတုန်းမင်း]]တို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် [[မင်းကွန်းပုထိုးတော်ကြီး]] တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကပ်သုံးပုံကို ကျောက်ထက်[[အက္ခရာ]]တင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ [[ပဒေသရာဇ်]] ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့[[အင်္ဂလိပ်]]တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
 
==ကိုးကား==
<references/>