ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၃ -
ထီးလှိုင်ရွာ)အရပ်ကို အုပ်ချုပ်ခဲ့ဘူးသောကြောင့် ဖြစ်သည်ဟု ယူဆကြသည်။
 
ရာဇဝင်များ၌၎င်း၊ လှည်းထောက် ကျောက်စာ၌၎င်း ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ သားတော်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်စစ်သားမင်းသည် ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲဖက်မြစ်ကမ်းရှိ ပရိမ္မအရပ်၌ ဖွားမြင်တော်မူသည်။ ဖွားမြင်သောနှစ်ကို သက္ကရာဇ် ၄ဝ၂ ခုနှစ် လောက်ဟူ၍ ယူဆနိုင်သည်။ ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)တွင် ပုဂံ၌ မင်းအဖြစ်ကိုရ၍ ၂၈ နှစ် အုပ်စိုးပြီးနောက် ၄၇၄ ခုနှစ်(ခရစ် ၁၁၁၃၁၁၁၂ ခုနှစ်လောက်) သက်တော် ၇ဝ ကျော်တွင် လွန်တော်မူသည်။
 
ကျန်စစ်သားမင်းသည် နိုင်ငံတော်၏ အစီးအပွားကို လိုလား၍ ဉာဏ်အမြော်အမြင်ကြီးသောမင်း ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး တရားမျှတစွာ အုပ်ချုပ်သော
မင်းလည်း ဖြစ်သည်။ တိုင်းတစ်ပါးတို့နှင့် အချစ်အကြည် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်သောမင်းလည်း ဖြစ်သည်။ ထိုမင်းသည် ထိုသို့သော ဉာဏ်အမြော်အမြင်ဖြင့်၎င်း၊ ထိုသို့သော စေတနာဖြင့်၎င်း [[အနော်ရထာ]]မင်းတည်ခဲ့သော မြန်မာနိုင်ငံတော်ကို အနှစ် ၂ဝဝ မျှ ဆက်လက်တည်တံ့ ခိုင်မြဲ
အောင် ၂၈ နှစ်မျှသော နန်းစံကာလအတွင်းတွင် ဆောင်ရွက်တော်မူခဲ့သည်။
 
==ထီးနန်း ရတော်မူခြင်း==
ပုဂံထီးနန်းကို ကျန်စစ်သားရခြင်းမှာ ရန်သူ့လက်သို့ ပုဂံပြည်ကြီး ကျဆုံးလုနီးအခြေမှ မိမိကိုယ်တိုင် ကယ်တင်နိုင်၍ ရခြင်းဖြစ်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းကို မဆက်စံမီ ပုဂံတွင် [[စောလူးမင်း]](မင်းလုလင်) အုပ်စိုးလျက် ရှိသည်။ စောလူးမင်းသည် အနော်ရထာမင်း လွန်တော်မူပြီးနောက် ဆက်ခံစိုးစံသောမင်း ဖြစ်သည်။