အာလန် ဂါစီယာ ပဲရက်ဇ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အာလန် ဂါစီယာပဲရက်ဇ် စာမျက်နှာကို အာလန် ဂါစီယာ ပဲရက်ဇ် သို့ NayiMuuက ရွှေ့ခဲ့သည်: name sort
2019.
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
စာကြောင်း ၁ -
[[File:Garciaalan09112006-1.jpg|thumb|အာလန် ဂါစီယာကို ၂၀၀၆ ခုနှစ်တွင် တွေ့ရပုံ]]
 
ပီရူးနိုင်ငံသမ္မတ အာလန်ဂါစီယာ ပဲရက်ဇ်ကို (1949-2019) ၁၉၄၉-ခုနှစ် မေလ ၂၃ ရက်နေ့တွင် [[ပီရူးနိုင်ငံ]] လီမာမြို့တော်တွင် မွေးဖွားသည်။ လီမာမြို့ စန်မားကော့စ် တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီးနောက် စပိန်နိုင်ငံ မက်ဒရစ်မြိုနှင့် [[ပြင်သစ်နိုင်ငံ]][[ ပါရီမြို့]]တို့ရှိ တက္ကသိုလ်များတွင် ဥပဒေနှင့် လူမှုရေး သိပ္ပံပညာဘွဲ့လွန် သင်တန်းများကို တက်ရောက်ဆည်းပူးခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် ပီရူးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ၍ ပီရူးနိုင်ငံ၏လက်ရှိအခြေခံဥပဒကို ရေးဆွဲပြဋ္ဌာန်းသော ဥပဒေပြု လွှတ်တော်တွင် အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ရသည်။
 
ဂါစီယာပဲရက်ဇ်သည် အလျံဇာ ပေါ်ပြူလာ ရီဗော်လူစီ ယွန်နာရီယာအမေရိကာနာ (အေပီအာရ်အေ) ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၈၂ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံ ရသည်။ ဂါစီယာ၏အတိုက် အခံများက ဂါစီယာသည် နိုင်ငံရေး အတွေ့အကြုံနည်းပြီး စီမံအုပ်ချုပ်မှု အတွေ့အကြုံ လုံးဝမရှိကြောင်းဖြင့်ဝေ ဖန်တိုက်ခိုက်ကြသော်လည်း ထောက်ခံသူတို့ကမူယင်း အားနည်းချက်သည် ပင်လျှင် အင်အားတစ်ရပ်ဖြစ်လာပြီး အစဉ်အလာအရ စစ်တပ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းရှင်များ၏ ဖိအားပေးမှုကို လုံးဝဒူးထောက် အညံ့ခံမည့်သူ မဟုတ်ဟူ၍ ယုံကြည်ကြသည်။ စပိန်ဝန်ကြီးချုပ် ဖိလစ်ဂွန် ဇာလေ့မား ကွက်စ် ကဲ့သို့ပင် သဘောတရားထက် နိုင်ငံရေးအရ လက်တွေ့ဗျူဟာကို ဦးစားပေးတတ်သူ ဖြစ်သည်ဟု ဆိုကြသည်။ သို့ဖြင့် ၁၉၈၅-ခုနှစ် ဧပြီလ ၁၄ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲတွင်ထောက်ခံမဲ ၄၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်ခဲ့သည်။