ရာမာယဏ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး replace with free image
အရေးမကြီးNo edit summary
စာကြောင်း ၂ -
'''ရာမာယဏ''' (သသင်္ကရိုက်: रामायण) သည် သက္ကတ ဘာသာဖြင့်ရေးသားခဲ့သော စွန့်စားခန်း ကဗျာရှည်ကြီးဖြစ်ပြီး ဘီစီ ၄၀၀ နှင့် ၂၀၀ ကြားတွင်ပြန်လည် ပေါင်းစည်း တည်းဖြတ် ထားသည်ဟု ယူဆရသည်။ ရာမာယဏဆိုသည်မှာ "ရာမ"နှင့် "အယာဏ" ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစည်း ထားခြင်းဖြစ်ပြီး "ရာမ၏ခရီး" ဟုအဓိပ္ပာယ် ရသည်။ အစဉ်အလာမှတ်တမ်းများ အရရေးသားစီရင် ခဲ့သူမှာ ပညာရှိကြီး [[ဝမ္မီကိရသေ့ကြီး]] Valmiki ဖြစ်သည်ဟု ယုံကြည်ကြပြီး [[ဟိန္ဒူဘာသာ]]၏ အရေးပါလှသော ကျမ်းဂန်တစ်ခုဖြစ်သည်။ ဝမ္မီကိရသေ့ကြီး၏ ရာမယဏသည် ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျှက်ရှိသော ရာမယဏ ဇာတ်လမ်းများ၏ မူရင်းလည်းဖြစ်သည်။
 
ရာမာယဏအား အပိုဒ်ပေါင်း နှစ်သောင်းလေးထောင်၊ အခန်းကဏ္ဍပေါင်း ငါးရာနှင့် ကျမ်းခုနှစ်ကျမ်းတို့ဖြင့် ဖွဲ့စည်းထားပြီး ၃၂ လုံးစပ် ဟန်ဖြင့် ရေးဖွဲ့ထားသည်။ ရာမာယဏသည် အိန္ဒိယ စာပေယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအား များစွာလွှမ်းမိုးရုံ သာမက မဟာဗြရတ္တ ကဲ့သို့ပင် ဟိန္ဒူဂုရုကြီးများ၏ သွန်သင်ဆုံးမမှု ဓမ္မအား ညွှန်ပြသည့် ဘာသာရေး ကျမ်းတစ်စောင်လည်းဖြစ်သည်။ ဤဇာတ်လမ်းပါ ဇာတ်ကောင်များ ဖြစ်သော ရာမ၊ လက္ခဏာ၊ သီတာ၊ ဟာနုမန်ဟနူမာန် စသည်တို့မှာ စံပြ သားယောက်ျား၊ စံပြလင်ယောက်ျား၊ စံပြဘုရင်၊ စံပြဇနီး၊ စံပြနောက်လိုက်၊ စံပြအမှုထမ်း စသည့် ဂုဏ်ပုဒ်များ ဖေါ်ကျူးလျှက်ရှိပြီး အိန္ဒိယ လူ့အဖွဲ့အစည်း အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျှက်ရှိသည်။
 
ရာမာယဏသည် တမီလ်၊ ဟင်ဒီ၊ ဘင်္ဂါလီ စသည့် ခေတ်သုံး စာပေတိုင်အောင် ဩဇာလွမ်းမိုး သည်သာမက အရှေ့တောင်အာရှသို့ပါ အေဒီ ၈ ရာစုခန့်တွင် ရောက်ရှိ ပြန့်နှံခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများ၏ စာပေ၊ ဂီတ၊ အက၊ ရုပ်သေး၊ ပန်းချီ၊ ပန်းပု အစရှိသည့် အနုပညာရပ်များတွင် ရာမာယဏကို အထင်အရှားတွေ့ နိုင်သည်။ ကမ္ဘောဒီယား၏ (Reamker)၊ ထိုင်း၏ (Ramakien)၊ မြန်မာ၏ ရာမဇာတ်တော်ကြီး၊ မလေးရှား၏ (Hikayat Seri Rama)၊ လာအို၏ (Phra Lak Phra Ram)၊ အင်ဒိုနီးရှား ဘာလီကျွန်းနှင့် ဂျာဗားကျွန်းတို့၏ ရာမာယဏ၊ မွန်တို့၏ (Loik Samoing Ram) တို့မှာ ဘာသာ၊ ယဉ်ကျေးမှုဓလေ့ အသီးသီး ဖြင့် ပြန်လည် ဖန်တီးအသက်သွင်း ထားခြင်းဖြစ်သည်။