စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: File:OrganizedCrime.1.jpg အယ်လ်ကာပုန်း၊ စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှ...
 
No edit summary
စာကြောင်း ၁ -
[[File:OrganizedCrime.1.jpg|frame|right|အယ်လ်ကာပုန်း၊ စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှုနှင့် များသောအားဖြင့် ပတ်သက်လေ့ရှိသည့်မျက်နှာ]]
[[File:OrganizedCrime.1.jpg]]
 
အယ်လ်ကာပုန်း၊ စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှုနှင့် များသောအားဖြင့် ပတ်သက်လေ့ရှိသည့်မျက်နှာ
 
စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု သို့မဟုတ် ဒုစရိုက် အဖွဲ့အစည်းများသည် လူမျိုးပေါင်းစုံပါဝင်သော အုပ်စုဖွဲ့ခြင်းတစ်ခုဖြစ်ပြီး ဒုစရိုက်လုပ်ငန်းများ ပြုလုပ်ရန် ဗဟိုချုပ်ကိုင်မှုအလွန်မြင့်မားပြီး တရားမဝင်သော လုပ်ဆောင်ချက်တွင်ပါဝင်ရန် ရည်ရွယ်သည်။ အများအားဖြင့် ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာရရှိရန် ရည်ရွယ်သည်။ ဖွဲ့စည်းထားသော ဒုစရိုက်ထိန်းချုပ်ရေးအက်ဥပဒေ (ယူအက်စ်၊ ၁၉၇၀)သည် စနစ်တကျစီစဉ်ထာေးသာ ဒုစရိုက်မှုအား “ဥပဒေနှင့်ဆန့်ကျင်သောလုပ်ဆောင်ချက်များ [...] အလွန်တရာဖွဲ့စည်းပုံကောင်း၍ စည်းကမ်းကျနသောအဖွဲ့အစည်း [...]” ဟုသတ်မှတ်သည်။
Line ၂၄ ⟶ ၂၂:
 
စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအခန်းကဏ္ဍမှ အကျင့်ပျက် ပြည်သူ့အမှုဆောင် အရာရှိများကို ၄င်းတို့၏လုပ်ဆောင်ချက်များ ရှောင်ရှားနိုင်ရန် သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းနှင့် စွဲချက်တင်ခြင်းတို့နှင့် ပတ်သက်သော အနည်းဆုံးကြိုတင်သတိပေးမှုများရရှိရန် ရှာဖွေထားကြသည်။စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် အမျိုးမျိုးသော ဥပဒေနှင့်ဆန့်ကျင်သည့် အလွန်မြင့်သော အတိုးနှုန်းဖြင့် ငွေတိုးချစားခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာပို့၍ အကျပ်ကိုင်ခြင်း၊ ဗုံးဖောက်ခွဲခြင်းများ၊ လောင်းကစားဒိုင် ပြုလုပ်ခြင်းနှင့် တရားမဝင် လောင်းကစားခြင်း၊ အယုံသွင်းပြီး တစ်ပတ်ရိုက်ခြင်း၊ မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသောအရာကို အတုပြုလုပ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ လက်နက်အရောင်းအဝယ် ပြုလုပ်ခြင်း၊ ဆီမှောင်ခို၊ လူခန္ဓာကိုယ်တွင်းအင်္ဂါများကို ရောင်းဝယ်ခြင်း၊ ကြေးစားလူသတ်ခြင်း၊ ကိုယ်ပိုင်အမှတ်အသားအချက်အလက်များ တရားမဝင်ပြုလုပ်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများကို တရားမဝင် စွန့်ပစ်ခြင်း၊ နြူကလီးယား ပစ္စည်းများကို တရားမဝင်ရောင်းဝယ်ခြင်း၊ စစ်လက်နက် မှောင်ခို၊ နြူကလီးယားလက်နက် မှောင်ခို၊ နိုင်ငံကူးလက်မှတ် အတုအယောင်၊ တရားမဝင်ရွှေ့ပြောင်းခြင်းကို ကူညီခြင်းနှင့် လုပ်အားခသက်သာသော အလုပ်သမား၊ လူမှောင်ခို၊ အန္တရာယ်ရှိသော တိရစ္ဆာန်မျိုးစိတ်များကို ရောင်းဝယ်ခြင်းနှင့် လူကုန်ကူးခြင်း အစရှိသော ဥပဒေနှင့် ဆန့်ကျင်သော ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ပေးကြသည်။ စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများဖြစ်ကြသော တရားမဝင်အလုပ်သမား ကုန်ကူးခြင်းလုပ်ငန်းများအပါအဝင် လောင်းကစားရုံများတွင် အခွန်ရှောင်ခြင်း၊ ပြည်တွင်းရောင်းဝယ်မှု၊ စက်မှုလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် တည်ထောင်ထားသော အမှိုက်သိမ်းခြင်း၊ ဆောက်လုပ်ရေးနှင့် ဘိလပ်မြေလောင်းခြင်း၊ ကုလားဖန် လေလံဆွဲခြင်း၊ အဖော်အချွတ်ပါသော လုပ်ငန်းများ၊ ငွေကြေးခဝါချခြင်း၊ နိုင်ငံရေး အဂတိလိုက်စားမှု၊ ဗိုလ်ကျခြင်းနှင့် သဘောထားရေးရာနှင့်ဆိုင်သော အာဏာဖြင့်နှိပ်ကွပ််မှုများ ပြုလုပ်ကြသည်။
 
[[en:Organized crime]]