ပန်ဒါနီ: တည်းဖြတ်မှု မူကွဲများ

More descriptive text.
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁၉ -
 
ပန်ဒါနီကို ICUN ၏ [[:en:Endangered|မျိုးတုံးမည့် အန္တရာယ် အလွန်ကြီးသော တိရစ္ဆာန်]] [[:en:IUCN Red List|စာရင်း]]တွင် ထည့်သွင်းထားခြင်း ခံရသည်။ စားကျက်ပျောက်ဆုံးခြင်း၊ တရားမဝင် အမဲလိုက်ခံရခြင်းနှင့် အုပ်စုတွင်းမျိုးပွားခြင်း ဖိအားများကြောင့် သဘာဝတောရိုင်းတွင် ကောင်ရေ တစ်သောင်းထက် နည်းရာမှ ပို၍ရှားပါးလာသောကြောင့် မျိုးတုံးမည့် စာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ <ref name="iucn" >{{cite iucn |author=Glatston, A. |author2=Wei, F. |author3=Than Zaw |author4=Sherpa, A. |last-author-amp=yes |title=''Ailurus fulgens'' |journal=[[The IUCN Red List of Threatened Species]] |publisher=[[IUCN]] |volume=2015 |page=e.T714A110023718 |date=2015 |url=https://www.iucnredlist.org/species/714/110023718 |doi=10.2305/IUCN.UK.2015-4.RLTS.T714A45195924.en |access-date=29 October 2018}}</ref>
 
[[File:RedPandaDescent.JPG|thumb|left|သစ်ပင်ပေါ်မှ ဇောက်ထိုးဆင်းနေသော ပန်ဒါနီ]]
 
ပန်ဒါနီ၏ တကိုယ်လုံး ကို နီညိုရောင်အမွေးများ ဖုံးထားပြီး ရှည်လျား၍ အမွေးဖွားသော အမြီးတုတ်တုတ်ရှိသည်။ ရှေ့လက်နှစ်ခြောင်းက နောက်ခြေထောက်များထက် ပို၍တိုသောကြောင့် လေးဘက်သွားရာတွင် ခပ်ကွကွ သွားရသည်။ အိမ်မွေးကြောင်တစ်ကောင် ၏ အရွယ်မျှသာ ရှိသော်လည်း ပိုမိုရှည်လျား သော ကိုယ်ထည်ကြောင့် အလေးချိန်ပို၍ စီးသည်။ သစ်ပင်ပေါ်တွင် အနေများသော သတ္တဝါမျိုး ဖြစ်ပြီး၊ အစာအဖြစ် ဝါးပင်များကို အများဆုံး စားလေ့ရှိသည်။ ငှက်ဥများ၊ ငှက်များ နှင့် အင်းဆက်များကိုလဲ စားတတ်သည်။ တစ်ကောင်တည်း နေတတ်ပြီး၊ နေဝင်ရီတယော အချိန် နှင့် မနက် အာရုံမတက်မီ အချိန်အတွင်း အစာရှာ လှုပ်ရှားသွားလာ တတ်သည်။ နေ့ခင်းတွင် အနားယူအိပ်စက် တတ်သည်။ ပန်ဒါနီ ကို အင်္ဂလိပ်ဘာသာ ဖြင့် ပန်ဒါငယ်({{lang-en|lesser panda}})၊ ဝံကြောင်နီ({{lang-en|red bear-cat}})၊ ကြောင်ဝံနီ ({{lang-en|red cat-bear}}) ဟု လည်း ခေါ်ဆိုလေ့ ရှိသည်။<ref >{{cite book |author1=Glatston, A. R. |title=Red Panda: Biology and Conservation of the First Panda |year=2010 |publisher=William Andrew |isbn=978-1-4377-7813-7}}</ref>
 
[[File:Tiergarten Schoenbrunn Kleiner Panda 2.jpg|thumb|သစ်ပင်ပေါ်တွင် အိပ်နေသော ပန်ဒါနီ]]
 
ပန်ဒါနီသည် [[:en:Ailuridae|အိုင်လျူရီဒေး]]({{lang-en|Ailuridae}}) မျိုးရင်းမှ အိုင်လျူးရပ်စ် ({{lang-en|Ailurus}}) မျိုးစု၏ တစ်ခုတည်းသော သက်ရှိ မျိုးစိတ်ဖြစ်သည်။ ဝက်ဝံ မျိုးရင်းတွင် ပါဝင်သော [[ပန်ဒါဝက်ဝံကြီး]] နှင့် မျိုးရင်းနီးစပ်မှုမရှိပါ။<ref name="Flynn_2000">{{cite journal |last=Flynn |first=J. J. |last2=Nedbal |first2=M. A. |last3=Dragoo |first3=J. W. |last4=Honeycutt |first4=R. L. |url=http://www.msb.unm.edu/mammals/publications/Flynn2000.pdf |title=Whence the Red Panda? |journal=Molecular Phylogenetics and Evolution |volume=17 |issue=2 |pages=190–199 |year=2000 |accessdate=23 September 2009 |pmid=11083933 |doi=10.1006/mpev.2000.0819}}</ref>