ယေရှု ခရစ်တော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၁၂၄ -
ယေရှု(ယေဇူး)၏ မွေးနေ့ကို ဒီဇင်ဘာလ 25 ရက်တွင် ကျင်းပသည့် အစောဆုံးသော အထောက်အထားမှာ 354 ခုနှစ်၊ ရောမတွင် ကျင်းပခြင်း ဖြစ်သည်။ ထို့နောက် သူ၏ မွေးနေ့ကို ဇန္နဝါရီလ 6 ရက်နေ့တွင် ကျင်းပသော အာမေးနီးယားမှလွဲ၍ အရှေ့ဘက်တိုင်းပြည်များတွင် ဒီဇင်ဘာလ 25 ရက်တွင်ကျင်းပလာသည်။အကယ်ပင် အာဏာပိုင်များက သူ၏မွေးနေ့ကို နှစ်တစ်နှစ်တွင် မည်သည့်လတွင်မျှ သတ်မှတ်ထားခြင်းမရှိချေ။
 
ယေရှု(ယေဇူး)၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် ရှင်လုကာခရစ်ဝင်ကျမ်းအရ အသက် 30 အရွယ်တွင် စတင်ခဲ့သည်။28 သို့မဟုတ် 29 AD/CE ခန့်ဖြစ်သော “ကဲသာဘုရင်တိဗေရိ(Tiberius Caesar) နန်းစံသက်တစ်ဆယ့်ငါးနှစ်တွင်” [လုကာ. 3:1–2] စတင်၍ ဓမ္မအမှုတော်ဆောင်သည်ဟု ဆိုသော ဗတ္တိဇံဆရာယောဟန်၏နောက်တွင်ဖြစ်သည်။ရာဇဝင်အကျဉ်းချုပ် ကျမ်းစာများအရ ယေရှုုယေရှု(ယေဇူး)၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် တစ်နှစ် သို့မဟုတ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းအရ သုံးနှစ် ကြာခဲ့သည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကို အစောဆုံး ယေဘုယျ လက်ခံသော အချိန်မှာ 29 AD/CE ဖြစ်ပြီး၊ နောက်အကျဆုံး 36 AD/CE ဖြစ်သည်။
 
သမ္မာကျမ်းချက်များအရ ယေရှု(ယေဇူး)၏ သေဆုံးခြင်းသည် ပုန္တိပိလတ်(ပိလတ်တူး)ယုဒ(ဂျုဒ)ပြည်၏ ရောမအုပ်ချုပ်ရေး ကိုယ်စားလှယ် ဖြစ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည်။ ယိုဆေဖော့(Josephus)နှင့် တက်စီတု(Tacitus) တို့ကလည်း ပုန္တိပိလတ်(ပိလတ်တူး)သည် ယေရှု(ယေဇူး)ကို ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အုပ်ချုပ်ရေးကိုယ်စားလှယ်သည် 41-54 CE အတွင်း ကလောဒိနန်းစံစဉ်က မိတ်ဆက်ခဲ့သော အရပ်သားရာထူးဖြစ်သည်။ သမိုင်းဝင် ပုန္တိပိလတ်(ပုံစီဦးပိလတ်တူး)သည် 26 နှင့် 36 CE အတွင်း၌ စစ်ဘက်ဆိုင်ရာ ဘုရင်ခံ[54]ရာထူးရှိခဲ့သည်။