နိုဘယ်ဆု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 2 edits by 2A00:1FA1:B7:F7D7:3933:334C:7351:232E (talk) to last revision by NayiMuu. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာကြောင်း ၁၆ -
 
== အဲလ်ဖရက် နိုဘယ် ==
{| class="wikitable sortable mw-collapsible mw-collapsed"
|+
!
!
!
!
|-
|
|
|
|
|-
|
|
|
|
|-
|
|
|
|
|}
နိုဘယ်ဆုသည် [[ဆွီဒင်]] နိုင်ငံသား [[အဲလ်ဖရက် နိုဘယ်]](Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဘယ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဘယ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် [[ဓာတုဗေဒ]]၊ [[ရူပဗေဒ]]၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ [[အမေရိကန်ပြည်ထောင်စု]]သို့ သွား၍ နာမည်ကျော် [[အင်ဂျင်နီယာ]] ဆရာကြီးတစ်ဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဘယ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။