သတ္တုတွင်းလုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၂ -
==သတ္တုရိုင်းသိုက်ပမာဏယူနစ်များ==
 
သတ္တုရိုင်းသိုက်ရဲ့ပမာဏကိုဖော်ပြရာတွင် အဓိက အားဖြင့် သတ္တုရိုင်းပမာဏနှင် သတ္တုရိုင်းသိုက်တစ်ခု လုံး၏ ပျမ်းမှျသတ္တုပါဝင်နှုန်းကိုဖော်ပြရပါတယ်။ သတ္တုရိုင်းသိုက်အမျိုးအစားပေါ်မူတည်ပြီး ဖော်ပြတဲ့ ယူနစ်ကွဲပြားမှုရှိပါတယ်။ ပင်ရင်းသိုက်လို့ခေါ်တဲ့ (Primary deposit)နဲ့ ပလေစာသိုက် (Placer deposit/Secondary deposit))အတွက် သတ္တုရိုင်းသိုက်ပမာဏကို ဖော်ပြတဲ့ ယူနစ်ချင်း တစ်နည်းဖော်ပြပုံဖော်ပြနည်းမတူပါဘူး။ ပင်ရင်းသိုက်မှာလည်း ရွှေငွေစတဲ့အဖိုးတန်သတ္တုသိုက် ရဲ့ သတ္တုရိုင်းသိုက်ပမာဏကို ဖော်ပြပုံနှင့် ကြေးနီ၊ ခဲ၊ သွပ်၊ သံ၊ ခနောက်စိမ်း စတဲ့ သတ္တုများ၊ ထုံး ကျောက်၊ ကျောက်မီးသွေး စတဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းများရဲ့ သတ္တုရိုင်းသိုက်ပမာဏဖော်ပြပုံချင်း မတူကြပါ။
 
ပလေစာသိုက်အတွက် သတ္တုရိုင်းသိုက်ပမာဏ ကိုဖော်ပြတဲ့အခါ တန်ချိန်အစား ထုထည်ဖြင့်ဖော်ပြပြီး သတ္တုပါဝင်နှုန်းကို တစ်ယူနစ်ကုဗမှာပါဝင်တဲ့ သတ္တုအလေးချိန်ဖြင့်ဖော်ပြပါတယ်။ ဥပမာ ရွှေနှင့် ငွေအတွက် ဂရမ်/ကုဗမီတာ (gram/cubic meter = g/m3)သို့မဟုတ် ထရွိုင်အောင်စ/ကုဗကိုက် (tron ounce/cubi yard = tr.oz/yd3)။