ဧရာဝတီ လင်းပိုင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး robot Modifying: vi:Cá nược |
အရေးမကြီးNo edit summary |
||
စာကြောင်း ၂၇ -
လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါးသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ <ref>လွင်မိုးခရီးသွားနေသည်မှ ကောက်နှုတ်သည်။</ref>
ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု
မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပါသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။ ယခုအချိန်တွင် ရရှိနိုင်
ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂.၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။ ငါးများ ရွှေ့ပြောင်းသွားလာမှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါများ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ [[ဧရာဝတီမြစ်]]၊ [[မေခ]]၊ [[မေလိခ]] မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါး များ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါသည်။
== ထိန်းသိမ်းရေး
[[File:Irrawaddy Dolphin.jpg|thumb|250px|ကမ္ဘောဒီးယားနိုင်ငံ အပိုင်း မဲခေါင်မြစ်အတွင်း တွေ့ရှိရသော ဧရာဝတီ လင်းပိုင်]]
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူး ပေါင်းဆောင်ရွက်သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေး
ဇူလိုင်နှင့် ဩဂုတ်လတွင်
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး
ဧရာဝတီလင်းပိုင် သဘာဝလေ့လာ ခြင်း (Behaviour Budget) တွင် အစာရှာခြင်း (Feeding) ၊ ခရီးသွား ခြင်း (Travelling)၊ အနားယူခြင်း (Resting)၊ ပေါင်းသင်းဆက်ဆံခြင်း (Socializing) တို့ပါဝင်ပြီး ဧရာဝတီ လင်းပိုင်အုပ်နှင့် မီတာ ၅ဝ အကွာ အဝေးရှိ လေ့လာရေးမော်တော်ပေါ်မှ နေ၍နှစ်နာရီခန့် တောက်လျှောက် ကြည့်ရှုလေ့လာ မှတ်တမ်းတင်ကြခြင်း ဖြစ်သည်။
စာကြောင်း ၄၇ -
၂၀၀၂ ခုနှစ်မှစတင်၍ ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သော လေ့လာမှု များကိုစတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးဖမ်း သည့် ဓလေ့စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ် မှတ်ခဲ့သည်။
မြန်မာနိုင်ငံဂုဏ်ဆောင် ရေနေ နို့ တိုက်သတ္တဝါဖြစ်သည့် ဧရာဝတီလင်း ပိုင်များထိန်းသိမ်းခြင်းနှင့် သုတေ သန လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူ ပူးပေါင်း ငါးဖမ်း သည့် ရိုးရာ အလေ့အထကို ဆက်လက်ထိန်းသိမ်း ရန်၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်း တီးမှုကို ဖြစ်ပေါ် စေသော တရားမဝင် ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ် ချောင်းများအတွင်း ရွှေတူးဖော်မှု များပပျောက်စေရန် ဧရာဝတီလင်းပိုင်
ထိန်းသိမ်းရေး နယ်မြေဖြစ်သည့် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားသို့ မန္တလေးမြို့မှ စက်တပ် ရေယာဥ်ဖြင့် ဆန်တက်၍လည်းကောင်း၊ မန္တလေးမြို့မှ
မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာရှိ သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ် ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး နယ်မြေအတွင်း၌ ထိန်းသိမ်းရေးပညာပေး ကင်းလှည့်
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင် ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။
|