မိုးကုတ်မြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး Reverted 1 edit by 69.160.30.217 (talk) to last revision by NjsBot. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၆၀ -
အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် [[မိုင်းလုံမြို့]]နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် [[မိုးမိတ်မြို့]]နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် [[သပိတ်ကျင်းမြို့]]နှင့် (၆၀)မိုင်၊ [[မန္တလေးမြို့]]နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး [[ဒုတိယကမ္ဘာစစ်]] မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။ မိုးကုတ်-သပိတ်ကျင်းလမ်းတွင် စရပ်ဖြူပေမြင့်စခန်းမှာ ပေ ၄,၈၁ဝ အမြင့်ရှိ၍ ထိုနေရာတွင် သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့၏ နယ်နိမိတ်ကို ကျော်ဖြတ်သည်။ ထိုတောင်ထိပ်မှ နေ၍ ကြည့်လျှင် ဧရာဝတီမြစ်ကိုမြင်ရပေသည်။ ပေ ၄,၅ဝဝ အမြင့်တွင်ရှိသော ကျပ်ပြင်မှသည် မိုးကုတ်မြို့ ရောက်သည် အထိ ပေ ၇ဝဝ မျှ တောက်လျှောက်လျှော၍ ဆင်းသွားရပေသည်။ ယခုအခါ မိုးမိတ်လမ်းမှာ [[ဗန်းမော်]]သို့ပင် ပေါက်ပြီဖြစ်၍ ဗန်းမော်မှတစ်ဆင့် [[မြစ်ကြီးနား]]သို့တိုင်အောင် မော်တော်ကားဖြင့် သွားနိုင်ပေပြီ။ မိုးကုတ်မှ ၇၆ မိုင်ကွာဝေးသော [[ကျောက်မဲမြို့]]သို့လည်း ကားလမ်းပေါက်သည်။
 
== သစ္ေတာသစ်တော ==
တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။