ဘိန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၂ -
ဘိန်း၏ ကမ္ဘာနှင့် အဝန်းစည်းမျဉ်းစည်းကမ်းသည် တရုတ်အခြေချလာရောက်နေထိုင်သူများနှင့် ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုရှိ ဘိန်းခန်းများ၏ သိက္ခာမဲ့အမှတ်အသားနှင့်အတူ စတင်လာခဲ့ပြီး၊ ၁၈၇၀ခုနှစ်များတွင် မြို့နယ်ရုံးများအဆင့်မှ ၁၉၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဘိန်းကော်မရှင်ဖွဲ့စည်းရသည်အထိ လျင်မြန်စွာဖြစ်ပေါ်လာခဲ့ သည်။ ဤကာလအတွင်း စာပေတွင် ဘိန်း၏ရုပ်ပုံလွှာသည် ညစ်ပေစုတ်ပြတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ ဗြိတိသျှဘိန်းကုန်သွယ်မှုကို တရုတ်ပြည်တွင်းထုတ်လုပ်မှုမှ မသမာသောနည်းများ ဖြင့် အကြီးအကျယ် နေရာလုယူခဲ့ပြီးနောက် သန့်စင်ပြီး မော်ဖင်းနှင့် ဟီးရိုးအင်းတို့သည် ဆေးထိုးရန်အတွက် ကျယ်ပြန့်စွာ ရရှိလာစေခဲ့ပြီး ဘိန်းပါသည့် မူပိုင်ဆေးများသည် လူအများကြိုက်နှစ်သက်ခြင်း ၏အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ဘိန်းကို နှစ်ဆယ်ရာစုနှစ်၏ အစောပိုင်းကာလများအတွင်း နိုင်ငံအများစုတွင် ပိတ်ပင်တားမြစ်ခဲ့ကြပြီး တရားမဝင် စိတ်အပန်းပြေစရာ မူးယစ်ဆေးအတွက် ဘွေဆော်ဦးပစ္စည်းအဖြစ် ဘိန်းထုတ်လုပ်မှု၏ ခေတ်သစ်ပုံစံ သို့မဟုတ် တရားဝင် ဆေးစာဖြင့်သာ သုံးရမည့်ဆေးများဟု တင်းတင်းကြပ်ကြပ် စည်းကမ်းသတ်မှတ်ရခြင်း များအထိ ဖြစ်ပေါ်စေခဲ့သည်။
 
လက်ရှိတွင် တရားမဝင်ဘိန်းထုတ်လုပ်မှု လွှမ်းမိုးထားသည့် အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀ဝဝ ခုနှစ်တွင် တာလီဘန်များမှ ထုတ်လုပ်မှုကို ပိတ်ပင်ခဲ့စဉ်အချိန်တွင် သုတ်သင်ရှင်းလင်းခဲ့သော်လည်း ၂၀ဝ၁ ခုနှစ် တာလီဘန် ကျဆုံးချိန်ကတည်းက နှင့် အာဖဂန်နစ္စတန်စစ်ပွဲလမ်းကြောင်းအပေါ်တွင်အာဖဂန်နစ္စတန် စစ်ပွဲလမ်းကြောင်းအပေါ်တွင် ဘိန်းထုတ်လုပ်မှု တစ်ဖြည်းဖြည်း တိုးမြှင့်လာခဲ့ သည်။၂၀ဝ၆ ခုနှစ် တစ်ကမ္ဘာလုံး၏ဘိန်းထုတ်လုပ်မှုသည် မက်ထရစ်တန် ၆၆၁၀ ဖြင့် ၁၉၀၆ခုနှစ် ထုတ်လုပ်မှု၏ငါးပုံတစ် ပုံနီးပါးမျှရှိသည်။ တရားမဝင်သုံးစွဲမှုအတွက် ဘိန်းကို ရံဖန်ရံခါ ဟီးရိုးအင်းအဖြစ်သို့ ဟြေင်းလဲပစ်သည်။ ဟီးရိုးအင်းသည် ဝန်ကျဉ်းပြီး မှောင်ခိုရောင်းဝယ်ရန် လွယ်ကူစေသည်။ ဟီးရိုးအင်း၏ အစွမ်းထက်မှုကို ထပ်ဆင့်ပွားစေခြင်းဖြင့် ခန့်မှန်းခြေအားဖြင့်မော်ဖင်းသတ္တိနှစ်ဆရှိသည်အထိ ပြုလုပ်နိုင်သည်။ ဟီးရိုးအင်းကို သွေးကြောသွင်းခြင်း ၊ နှာခေါင်းအစက်ချခြင်း နှင့် အငွေ့ပျံစေခြင်းတို့ဖြင့်လည်း သုံးစွဲနိုင်သည်။
 
[[ar:أفيون (مخدر)]]