ကျော်ငြိမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁ -
(နောင်ဝန်ကြီး)ကိုလှမောင်(နောင်သံအမတ်)တို့ဉီးဆောင်ပြီးကျောင်းသားအစည်းအဝေးပွဲများကျင်းပ၍၎င်း၊မန္တလေးမြို့လုံးကျွတ်မြို့မိမြို့ဖအစည်းအဝေးများကျင်းပ၍၎င်းကန့်ကွက်ပွဲများကျင်းပမှုကြောင့်မန္တလေးကောလိပ်ပိတ်ရန်အစီအစဉ်ကိုအာဏာပိုင်များဖက်မှဖျက်သိမ်းခဲ့သည်။
သို့နှင့်ကိုကျော်ငြိမ်း၊ကိုသိန်းဖေ၊ကိုခင်မောင်ကလေး၊ကိုထွန်းအုံနှင့်ကိုလှမောင်တို့တသိုက်ကျောင်းသားခေါင်းဆောင်များအဖြစ်သတ်မှတ်ခံခဲ့ရသည်။
 
၁၉၃၄ - ၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။
 
၁၉၃၆ ခုနှစ်၊ တက္ကသိုလ် ကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး၊ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ]] တည်ထောင်ရာတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဂုဏ်ထူးတန်း အောင်ခဲ့ပြီး၊ ၁၉၄၁ ခုတွင် ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့သည်။
 
ဘွဲ့ရပြီးနောက် အင်္ဂလိပ်လက်အောက်တွင် အကောက်ခွန်ဌာန ရာဖြတ်အဖြစ် အလုပ်ဝင်လုပ်ရင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မြေအောက် တော်လှန်ရေးပါတီဖြစ်သည့် [[ပြည်သူ့အရေးတော်ပုံပါတီ]] (Peoples Revolutionary Party) (နောက် ဆိုရှယ်လစ်ပါတီ)၏ အလုပ်အမှုဆောင်တဦး ဖြစ်သည်။ ပီအာပီ ခေါ် ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party) သည် [[ဂျပန်နိုင်ငံ]]သို့ [[ရဲဘော်သုံးကျိပ်]] စေလွှတ်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သောအဖွဲ့ ဖြစ်သည်။