အဂျိုင်း(လ်) နည်းဖြင့် ဆော့ဖ်ဝဲရ် ဖန်တီးခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၂၂ -
 
၂၀ဝ၁ ခုနှစ်တွင် ဆော့ဖ်ဝဲရ် ဖန်တီးသူ ၁၇ ယောက် သည် အမေရိကန် ပြည်ထောင်စု၊ ယူတားပြည်နယ်၊ စနိုးဘာဒ် ({{lang-en|Snowbird}}) ရှိ အပန်းဖြေဟိုတယ် တစ်ခုတွင် သွက်လက်ပေါ့ပါးသော ဆော့ဖ်ဝဲရ်ဖန်တီးခြင်း နည်းလမ်းများ အကြောင်းကို ဆွေးနွေးရန် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးခဲ့ကြသူများတွင် ကင့် ဘက်ခ် ({{lang-en|Kent Beck}}) ၊ ဝါ့ဒ် ကန်နင်ဟမ် ({{lang-en|Ward Cunningham}}) ၊ ဒေ့ဖ် သောမတ်စ် ({{lang-en|Dave Thomas}}) ၊ ဂျက်ဖ် ဆတ်သာလန့်ဒ် ({{lang-en|Jeff Sutherland}}) ၊ ကန် ရွှာဘား ({{lang-en|Ken Schwaber}}) ၊ ဂျင်မ် ဟိုင်းစမစ်သ် ({{lang-en|Jim Highsmith}}) ၊ အလစ်စ်တဲရ် ကော့ခ်ဘန်း ({{lang-en|Alistair Cockburn}}) နှင့် ရောဘတ် စီ မာတင် ({{lang-en|Robert C. Martin}}) တို့ ပါဝင်ခဲ့ကြသည်။ ထိုသူများအားလုံး စုပေါင်း၍ အဂျိုင်း(လ်) ဆော့(ဖ်)ဝဲ(ရ်) ဖန်တီးမှု ကြေညာစာတန်း ({{lang-en|Manifesto for Agile Software Development}}) ကိုရေးသားထုတ်ပြန်ခဲ့ကြသည်။<ref name="AgileManifesto" />
 
၂၀ဝ၅ ခုနှစ်တွင် ကော့ခ်ဘန်း နှင့် ဟိုင်းစမစ်သ်တို့ ခေါင်းဆောင်သောအဖွဲ့မှ ဆော့ဖ်ဝဲရ်စီမံကိန်း ခန့်ခွဲမှုကို ဆော့ဖ်ဝဲရ်ဖန်တီးခြင်း နည်းလမ်းများနှင့်အညီ လမ်းညွှန်မှုပြုနိုင်ရန် အတွက် စီမံကိန်း ခန့်ခွဲမှု နိယာမများ နောက်ဆက်တွဲ အဖြစ် စီမံကိန်း ခန့်ခွဲမှု လွတ်လပ်ရေးကြေညာစာတန်း({{lang-en|PM Declaration of Interdependence}})<ref>{{cite web|url=http://pmdoi.org|title=Declaration of Interdependence|last=Anderson|first=David|year=2005|website=|archive-url=https://web.archive.org/web/20180127094805/http://www.pmdoi.org/|archive-date=27 January 2018|dead-url=true|access-date=4 October 2018|df=dmy-all}}</ref> ကို ရေးသားထုတ်ဝေခဲ့ကြသည်။
 
၂၀ဝ၉ ခုနှစ်တွင် မာတင် ခေါင်းဆောင်သောအဖွဲ့မှ ဆော့ဖ်ဝဲရ်ဖန်တီးခြင်း နိယာမများကို တိုးချဲ့၍ အဂျိုင်း(လ်) ဆော့ဖ်ဝဲရ် ဖန်တီးခြင်းကို ပညာရှင်ကျင့်ဝတ် နှင့် သမားစဉ်အတိုင်း လမ်းညွှန်မှုပြုနိုင်ရန်အတွက် ဆော့ဖ်ဝဲရ် လက်မှုပညာ ကြေညာစာတန်း ({{lang-en|Software Craftsmanship Manifesto}}) ကို ရေးသားထုတ်ဝေခဲ့ကြသည်။
 
၂၀၁၁ ခုနှစ်တွင် အဂျိုင်းလ်မဟာမိတ် ({{lang-en|Agile Alliance}}) မှ ပေါ့ပါး သွက်လက်သော လက်တွေ့နည်းလမ်းများ၊ ဝေါဟာရများ၊ အခြေခံများ နှင့် ထိုအချက်များကို ကမ္ဘာတဝှမ်းမှ ပေါ့ပါးသွက်လက်နည်း ကျင့်သုံးသူများ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များနှင့်တကွ အတွေ့အကြုံလမ်းညွှန်များကို အဆင့်ဆင့် ပြောင်းလဲထွက်ပေါ်လာမည့် ပွင့်လင်းရင်းမြစ် ({{lang-en|Open-source}}) လက်စွဲအဖြစ် အဂျိုင်းလ် လက်တွေ့လမ်းညွှန် ({{lang-en|Guide to Agile Practices}}) ကိုဖန်တီးခဲ့သည်။ ထိုလမ်းညွှန်ကို ၂၀၁၆ ခုနှစ်တွင် အဂျိုင်းလ် ဝေါဟာရများ ({{lang-en|Agile Glossary}})ဟုအမည် ပြောင်းခဲ့သည်။<ref>{{Cite news|url=https://www.agilealliance.org/how-you-can-help-the-agile-alliance-help-you/|title=How You Can Help Agile Alliance Help You|last=McDonald|first=Kent|date=1 November 2016|work=Agile Alliance Blog|access-date=4 July 2017}}</ref>
 
== ကိုးကား ==