သျှင်မြဝါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့ - ထေရုပ္ပတ္တိ ကို ဗုဒ္ဓဘာသာရဟန်းများ ဖြင့် အစားထိုးနေသည်
အကြောင်းအရာထပ်ဖြည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ နံနက် ၄ ဗဟိုရ်တွင်ဗဟိုရ် ဖွားမြင်ခဲ့သည်၊၂ပါတ် ၃ဗီဇနာ ၂ပြန် ၂ခရာ တွင် ဥတ္တရသဏ်နက္ခတ်နှင့်ယှဉ်၍ ဖွားမြင်ခဲ့သည်။ ငယ်အမည်မှာ မောင်မြဝါဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန်၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏ အကြီးတော်စိန်တင်စား (စိုင်းတင်မြို့စား) မဟာနန္ဒသင်္ကြန်ဖြစ်သည်။ မယ်တော်မှာမင်းလှရာဇာစောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇောစောမွန်နှင့်မိဖုရားစောနန္ဒီတို့၏သားတော်ဖြစ်သည်။
 
စောနန္ဒီ နှင့်ဇောယျခေမာတို့မှာ မင်းလှရာဇာစောမွန်၏ ဦးရီးတော်ဆင်ကဲ မင်းအောင်တင်နှင့်စောသန္တာတို့၏ သမီးတော်များ ဖြစ်ကြသည်၊ မင်းဗာဘုရင်နှင့်သျှင်မြဝါတို့မှာ အမိညီအစ်ကိုများဖြစ်ကြ၍ ညီအစ်ကိုတော်စပ်ကြသည်။မင်းဗာဘုရင်ကို သက္ကရာဇ် ၈၅၄ ခု ဝါဆိုလပြည့်ကျော် (၂) ရက် စနေနေ့တွင်မွေးဖွားခဲ့သည်။ မင်းဗာဘုရင်၏ငယ်နာမည်မှာ ဘစောသီရီဖြစ်သည်၊ မင်းဗာဘုရင်သည် သျှင်မြဝါထက် နှစ်ရက်သာ ငယ်သည်။ မဟာပညာကျော်ကိုသက္ကရာဇ် ၈၅၁ တွင်ဖွားမြင်ခဲ့သည်။ မဟာပညာကျော်၏ငယ်နာမည်မှာမြတ်သာထွန်းဖြစ်သည်။ ထို့ကြောင့် သျှင်မြဝါ ၊ မင်းဗာကြီး မဟာပညာကျော်တို့မှာ ဖွားဘက်ရွယ်ဖော် သူငယ်ချင်းများဖြစ်ကြသည်။
 
== ပညာသင်ကြားခြင်း ==