အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
{{Retaining title}}
Binary digit ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ စက်တစ်လုံးပေါ်မှ အသေးငယ်ဆုံး သတင်းအချက်အလက် ယူနစ် ဖြစ်သည်။ ရှေ့ဆောင် စာရင်းအင်းပညာရှင် '''[[:en:Claude_Shannon|Claude Elwood Shannon]]'''က ဤဝါဟာရကို 1946 ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ [[Circuit]] တစ်ခုပေါ်တွင် လျှပ်စစ်ဓာတ်အား တစ်ခု ဖြတ်စီးခြင်း/မစီးခြင်းကို သတ်မှတ်သည်။ အကယ်၍ ဆားကစ်တစ်ခုပေါ် လျှပ်စစ်ဖြတ်စီးလျှင် Bit ၏ တန်ဖိုးသည် 1 ဖြစ်ပြီး လျှပ်စစ်ဖြတ်စီးမှုမရှိလျှင် Bit ၏ တန်ဖိုးသည် 0 ဖြစ်နေသည်။ တစ်ခုတည်းသော Bit သည် 0 သို့မဟုတ် 1 ဆိုသည့် တန်ဖိုးနှစ်ခုအနက် တစ်ခုကိုသာ ဆောင်ထားနိုင်သည်။ ဆက်တိုက်လာသည့် Bit များကို ပို၍ ကြီးမားသည့် ယူနစ်များအဖြစ် ပေါင်းစပ်ပေးခြင်းဖြင့် ပို၍အဓိပ္ပါယ်ပြည့်၀သော သတင်းအချက်အလက်များကို ရရှိသည် ဥပမာအားဖြင့် [[Byte]] တစ်ခုကို ဆက်တိုက်လာသည့် Bit ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။
 
တစ်ခါတရံတွင် ကွန်ပျူတာများကို တစ်ကြိမ်လျှင် ၎င်းတို့ [[process]] လုပ်နိုင်သည့် Bit အရေအတွက်ဖြင့်ဖြစ်စေ၊ [[Address]] များအား ကိုယ်စားပြုရန် ၎င်းတို့အသုံးပြုသည့် Bit အရေအတွက် ဖြင့် ဖြစ်စေ အဆင့်အတန်းသတ်မှတ်သည်။ ဤတန်ဖိုးနှစ်ခုမှာ အမြဲတမ်း တူညီခြင်းမရှိသည့်အတွက် နားလည်မှုရှုပ်ထွေးသွားတတ်ကြသည်။ ဥပမာအားဖြင့် ကွန်ပျူတာတစ်လုံးအား 32 bit စက်တစ်လုံးအဖြစ် သတ်မှတ်ခြင်းသည် ယင်း၏ [[data register]] မှာ 32 bits ကျယ်ဝန်းသည် သို့မဟုတ် စက်သည် မှတ်ဉာဏ်ထဲမှ Adress တစ်ခုစီကို ရှာဖွေသတ်မှတ်ရာတွင် 32 bits အသုံးပြုသည် ဟု အဓိပ္ပါယ်ရသည်။ ပို၍အရွယ်ကြီးသည့် data register များက [[Computer]] အား ပို၍ မြန်ဆန်စေသကဲ့သို့ adress များအတွက် bits ပိုမိုသုံးစွဲခြင်းဖြင့် စက်တစ်လုံးသည် ပိုမိုကြီးမားသည့် ပရိုဂရမ်များကို အထောက်အကူ ပြုနိုင်သည်။
"https://my.wikipedia.org/wiki/Bit" မှ ရယူရန်