ဒေါ်နယ်လ် ထရန့်: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး Salai Rungtoi (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို NjsBot ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၆၂ -
| လက်မှတ် = Donald_Trump_Signature.svg
| ဝဘ်ဆိုတ် = trump.com/biography }}
'''ဒေါ်နယ်ဒေါ်လ်နယ် ဂျွန် ထရမ့်''' ({{lang-en|Donald John Trump}} မွေးရက် - ၁၄ ဇွန်လ ၁၉၄၆) သည် [[အမေရိကန်ပြည်ထောင်စု]] ၏ ၄၅ ဦးမြောက် သမ္မတဖြစ်ပြီး စီးပွားရေး သမားတစ်ဦးလည်း ဖြစ်သည်။ ယခုလက်ရှိတွင် သူ၏ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်း နှင့် အခြား စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်သည့် ကုမ္မဏီ ဖြစ်သော ထရမ့် အော်ဂနိုင်ဇေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်ပြီး သမ္မတ အဖြစ် တာဝန် မယူမီတွင် ထိုရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားထားသည်။ ၎င်း၏ သက်တမ်းတလျှောက်တွင် ထရမ့်သည် ရုံးစိုက်ရာ တာဝါအဆောက်အဦးများ၊ ဟိုတယ်များ၊ ကက်စီနိုများ၊ ဂေါက်ကွင်းများ နှင့် အခြား ထင်ရှားသော အမှတ်တံဆိပ် ရှိသည့် နေရာများကို ကမ္ဘာတဝှမ်းတွင် ဆောက်လုပ်ခဲ့သည်။
 
ထရမ့်သည် [[နယူးယောက်မြို့]]တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ဝှာတန်ကျောင်းမှ ဘောဂဗေဒ အထူးပြုဖြင့် ဘက်ချလာ ဘွဲ့ရခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ဖရက်ဒ် ထရမ့်၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ကြီးကြပ်ခဲ့ပြီး နောင်တွင် ထရမ့် အော်ဂနိုင်ဇေးရှင်းဟု အမည်ပြောင်းလဲခဲ့ကာ မကြာမီ အချိန်ကာလ အတွင်း အများပြည်သူကြားတွင် ထင်ရှားလာခဲ့သည်။ ထရမ့်သည် ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ၎င်းပိုင်ဆိုင်ခဲ့သော မယ်အမေရိက အလှမယ်ပြိုင်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီးရီးများတွင် တစ်ခန်းစ နှစ်ခန်းစ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ရီဖောင်းမ် ပါတီ၏ သမ္မတ လောင်းအဖြစ် ပါဝင်ခဲ့သော်လည်း မဲမပေးမီတွင် ပြန်လည်နုတ်ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အင်န်ဘီစီ ရုပ်သံတွင် အပရန်တိုက်စ် အမည်ရသော ရုပ်သံစီးရီးကို တွဲဖက် ထုတ်ဝေသူ အဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖော်ဘီ၏ စာရင်းအရ ထရမ့်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် ၃၂၄ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အဆင့် ၁၅၆ ဖြစ်သည်။
စာကြောင်း ၇၈ -
:*"newly unearthed audio recordings showed Trump bragging about forcibly kissing women and grabbing them by the genitals."</ref>
 
ထရမ့် မဲဆွယ်ရာတွင်ပြုလုပ်သော စည်းရုံးမှုများတွင် အမေရိကန်-တရုတ်တို့၏ ကုန်သွယ်ရေး သဘောတူညီမှု နှင့် နက်ဖ်တာ နှင့် ထရန် ပစိဖိတ် ပါတနာရှစ် သဘောတူညီချက် အစရှိသော ကုန်သွယ်ရေး သဘောတူညီမှုများကို ပြန်လည် ညှိနှိုင်းမည်၊ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် တံတိုင်းကာရံခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းကြပ်သွားမည်၊ စစ်မှုထမ်းဟောင်းတို့၏ အခွင့်အရေးများကို ပြန်လည်ပြုပြင်မည်၊ တတ်နိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ပြန်လည်ရုပ်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲသွားမည်၊ အခွန် လျှော့ချမည် စသည်တို့ ပါဝင်သည်။ ၂၀၁၅ နိုဝင်ဘာလ ပါရီ တိုက်ခိုက်မှု အပြီးတွင် ထရမ့်မှ အမေရိကန်ပြည်ထောင်စုသို့ မူစလင်များ ပြောင်းရွှေ့နေထိုင်မှုကို ယာယီတားမြစ်ရန် ပြောဆိုခဲ့ပြီး နောင်တွင် ပြင်ဆင်ပြောဆိုခဲ့သည်မှာ အကြမ်းဖက်မှုနှင့် ပတ်သက်သော ရာဇဝင် ရှိသည့် နိုင်ငံများမှ နိုင်ငံသားများကိုသာ ရည်ရွယ်ကြောင်းနှင့် အကြမ်းဖက်သမား ဖြစ်လာမည့် သူများကို စစ်ဆေးခြင်း တိုးတက်လာသည့် အချိန်အထိ ဟူ၍ ဖြစ်သည်။ အသက် ၇၀ နှင့် သမ္မတ ဖြစ်လာသောကြောင့် သမ္မတ အဖြစ် ပထမ သက်တမ်း တာဝန်ထမ်းဆောင်မည့် သူများတွင် အသက် အကြီးဆုံး ဖြစ်ပြီး [[ရော်နယ် ရေဂင်]]၏ ၁၉၈၁ ခုနှစ်တွင် အသက် ၆၉နှစ်၌ အသက်အကြီးဆုံး သမ္မတ အဖြစ် ပထမအကြိမ် တာဝန် ထမ်းဆောင်ခဲ့သော စံချိန်ကို ချိုးခဲ့သည်။ သီအိုဒိုး ရုစဗဲ ပြီးလျှင် နယူးယောက်မြို့တွင် မွေးဖွားသော ဒုတိယမြောက် သမ္မတ ဖြစ်သည်။
 
==ငယ်ဘဝ==