ဂျာမန်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဂျာမန်ဘာသာ စာမျက်နှာကို ဂျာမန်ဘာသာစကား သို့ ပြန်ညွှန်းပေါ်ထပ်၍ Dr Lotus Black က ရွှေ့ခဲ့သည်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ဂျာမန်''' ({{lang|de|''Deutsch''}}, {{IPA-de|ˈdɔʏtʃ||de-Deutsch.ogg}}; {{lang-en|German}}) သည် အလယ်ဥရောပနိုင်ငံများတွင် အဓိကပြောဆိုသုံးစွဲသော အနောက် ဂျာမန်နွယ် ဘာသာစကား ([[:en:West Germanic languages|West Germanic language]]) တစ်ခုဖြစ်ပြီး ၎င်း၏ ဝေါဟာရ အားလုံးနီးပါးမှာ အင်ဒို-ဥရောပ ([[:en:Indo-European languages|Indo-European]]) ဘာသာစကား မိသားစု၏ ဂျာမန်နွယ်အုပ်စုမှ ဆင်းသက်လာသည်။ ဂျာမန်ဘာသာစကားမှာ [[ဂျာမနီနိုင်ငံ|ဂျာမနီ]]၊ [[ဩစတြီးယားနိုင်ငံ|ဩစတြီးယား]]၊ [[ဆွစ်ဇာလန်နိုင်ငံ|ဆွစ်ဇာလန်]]၊ [[အီတလီနိုင်ငံ|အီတလီ]]နိုင်ငံမြောက်ပိုင်းရှိ တောင်ပိုင်းတိုင်ရိုဒေသ၊ [[ဘယ်လ်ဂျီယန်နိုင်ငံဘယ်လ်ဂျီယမ်နိုင်ငံ|ဘယ်လ်ဂျီယန်]]နိုင်ငံ၏ ဂျာမန်စကားပြောသောဒေသနှင့် [[လက်ချင်စတိန်းနိုင်ငံ|လက်ချင်စတိန်း]]နိုင်ငံတို့တွင် ပြောဆိုသုံးစွဲမှုအများဆုံးဘာသာစကားဖြစ်၍ ထိုနိုင်ငံများ၏ တရားဝင်ရုံးသုံးဘာသာစကား (သို့မဟုတ်) ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ၎င်းသည် [[လူဇင်ဘတ်နိုင်ငံ|လူဇင်ဘတ်]]နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားသုံးခုအနက် တစ်ခုဖြစ်သည်။ [[ပိုလန်နိုင်ငံ|ပိုလန်]]နိုင်ငံရှိ အိုပိုးလ်ပြည်နယ်၏ ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ဂျာမန်ဘာသာစကားနှင့် အနီးစပ်ဆုံးတူညီသောဘာသာစကားများမှာ အနောက်ဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် အခြားဘာသာစကားများဖြစ်သော အာဖရီကန်းစ်၊ ဒတ်ချ်၊ [[အင်္ဂလိပ်ဘာသာစကား|အင်္ဂလိပ်]]၊ ဖရီးရှန်းဘာသာစကားများ၊ မြောက်ပိုင်းဂျာမန်စကား (Low German/Low Saxon)၊ လူဇင်ဘတ်ဘာသာစကားနှင့် ယစ်ဒစ်ရှ်ဘာသာစကားများဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် ([[:en:North Germanic languages|North Germanic]]) ဘာသာစကားများဖြစ်ကြသော ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်ဘာသာစကားများနှင့်လည်း ဝေါဟာရစကားလုံးများ ဆင်တူခြင်းများစွာရှိလေသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမန်နွယ်ဘာသာစကားအုပ်စုတွင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယအသုံးအများဆုံးဘာသာစကားဖြစ်သည်။
 
ဂျာမန်ဘာသာစကားမှာ ကမ္ဘာသုံးအဓိကဘာသာစကားကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်၍ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း၁၀၀နီးပါး မိခင်ဘာသာစကားအဖြစ်ပြောဆိုသုံးစွဲကြသည်။ ထို့ပြင် [[ဥရောပ သမဂ္ဂ|ဥရောပသမဂ္ဂ]]၏ လူသုံးအများဆုံး မိခင်ဘာသာစကားလည်း ဖြစ်သည်။