ဂျာမန်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
some Links for countries and languages added in the paragraphs
စာကြောင်း ၁ -
'''ဂျာမန်''' ({{lang|de|''Deutsch''}}, {{IPA-de|ˈdɔʏtʃ||de-Deutsch.ogg}}; {{lang-en|German}}) သည် အလယ်ဥရောပနိုင်ငံများတွင် အဓိကပြောဆိုသုံးစွဲသော အနောက် ဂျာမန်နွယ် ဘာသာစကား ([[:en:West Germanic languages|West Germanic language]]) တစ်ခုဖြစ်ပြီး ၎င်း၏ ဝေါဟာရ အားလုံးနီးပါးမှာ အင်ဒို-ဥရောပ ([[:en:Indo-European languages|Indo-European]]) ဘာသာစကား မိသားစု၏ ဂျာမန်နွယ်အုပ်စုမှ ဆင်းသက်လာသည်။ ဂျာမန်ဘာသာစကားမှာ [[ဂျာမနီနိုင်ငံ|ဂျာမနီ]]၊ [[ဩစတြီးယားနိုင်ငံ|ဩစတြီးယား]]၊ [[ဆွစ်ဇာလန်နိုင်ငံ|ဆွစ်ဇာလန်]]၊ [[အီတလီနိုင်ငံ|အီတလီ]]နိုင်ငံမြောက်ပိုင်းရှိ တောင်ပိုင်းတိုင်ရိုဒေသ၊ [[ဘယ်လ်ဂျီယမ်နိုင်ငံ|ဘယ်လ်ဂျီယန်]]နိုင်ငံ၏ ဂျာမန်စကားပြောသောဒေသနှင့် [[လက်ချင်စတိန်းနိုင်ငံ|လက်ချင်စတိန်း]]နိုင်ငံတို့တွင် ပြောဆိုသုံးစွဲမှုအများဆုံးဘာသာစကားဖြစ်၍ ထိုနိုင်ငံများ၏ တရားဝင်ရုံးသုံးဘာသာစကား (သို့မဟုတ်) ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ၎င်းသည် [[လူဇင်ဘတ်နိုင်ငံ|လူဇင်ဘတ်]]နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားသုံးခုအနက် တစ်ခုဖြစ်သည်။ [[ပိုလန်နိုင်ငံ|ပိုလန်]]နိုင်ငံရှိ အိုပိုးလ်ပြည်နယ်၏ ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ဂျာမန်ဘာသာစကားနှင့် အနီးစပ်ဆုံးတူညီသောဘာသာစကားများမှာ အနောက်ဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် အခြားဘာသာစကားများဖြစ်သော အာဖရီကန်းစ်၊[[အာဖရီကန်းစ်ဘာသာစကား|အာဖရီကန်းစ်]]၊ ဒတ်ချ်၊[[ဒတ်ချ်ဘာသာစကား|ဒတ်ချ်]]၊ [[အင်္ဂလိပ်ဘာသာစကား|အင်္ဂလိပ်]]၊ ဖရီးရှန်းဘာသာစကားများ၊ မြောက်ပိုင်းဂျာမန်စကား (Low German/Low Saxon)၊ လူဇင်ဘတ်ဘာသာစကားနှင့် ယစ်ဒစ်ရှ်ဘာသာစကားများဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် ([[:en:North Germanic languages|North Germanic]]) ဘာသာစကားများဖြစ်ကြသော ဒိန်းမတ်၊ နော်ဝေး၊နော်ဝေ၊ ဆွီဒင်ဘာသာစကားများနှင့်လည်း ဝေါဟာရစကားလုံးများ ဆင်တူခြင်းများစွာရှိလေသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမန်နွယ်ဘာသာစကားအုပ်စုတွင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယအသုံးအများဆုံးဘာသာစကားဖြစ်သည်။
 
ဂျာမန်ဘာသာစကားမှာ ကမ္ဘာသုံးအဓိကဘာသာစကားကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်၍ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း၁၀၀နီးပါး မိခင်ဘာသာစကားအဖြစ်ပြောဆိုသုံးစွဲကြသည်။ ထို့ပြင် [[ဥရောပ သမဂ္ဂ|ဥရောပသမဂ္ဂ]]၏ လူသုံးအများဆုံး မိခင်ဘာသာစကားလည်း ဖြစ်သည်။ ဂျာမန်ဘာသာစကားမှာ အီးယူအဖွဲ့တွင် တတိယလူသုံးအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏ နောက်တွင်ရပ်တည်နေသည်။ ထို့ကြောင့် ဂျာမန်ဘာသာစကားမှာ ယေဘုယျလူသုံးအများဆုံးအနေဖြင့်ကြည့်လျှင် အီးယူအဖွဲ့တွင် ဒုတိယနေရာတွင်ရှိသည်။ ဂျာမန်ဘာသာသည် အီးယူတွင် မူလတန်းအဆင့်၌ ဒုတိယသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာအဖြစ် အင်္ဂလိပ်ဘာသာ၏နောက်တွင်ရှိသည်။ (သို့သော် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏နောက်တွင် တတိယနေရာမှလိုက်သည်။) အမေရိကန်နိုင်ငံတွင်[[အမေရိကန်ပြည်ထောင်စု|အမေရိကန်]]နိုင်ငံတွင် စတုတ္ထသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် စပိန်၊ ပြင်သစ်နှင့် အမေရိကန် သင်္ကေတပြ ဘာသာစကားတို့၏နောက်တွင် ရပ်တည်နေသည်။ ထို့အပြင် သိပ္ပံဘာသာရပ်တွင် ဒုတိယအသုံးအပြုဆုံးနှင့် ဝက်ဘ်ဆိုက်များတွင် တတိယအသုံးအများဆုံးဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ရုရှားတို့၏နောက်တွင်ရှိသည်။ ဂျာမန်စကားပြောသောနိုင်ငံများမှ နှစ်စဉ်စာအုပ်စာပေအသစ်များ ပုံနှိပ်ထုတ်ဝေမှုမှာ ကမ္ဘာ့အဆင့်ငါးတွင်ရှိသည်။ ကမ္ဘာပေါ်ရှိ လက်ရှိထုတ်ဝေနေဆဲ စာအုပ်စာပေများ (e-book အပါအဝင်) ၏ ဆယ်ပုံတစ်ပုံမှာ ဂျာမန်ဘာသာဖြင့်ထုတ်ဝေသည်။
 
==ဆက်စပ်ကြည့်ရှုရန်==