အာဇာနည် ခေါင်းဆောင်ကြီးများ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 103.73.237.203 (talk) to last revision by 103.134.205.142. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁၄ -
ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
 
သော်သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် [[ပင်လုံစာချုပ်|ပင်လုံ စာချုပ်]] ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လသို့ပ်ရေးလွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ [[စော၊ ဦး (ဂဠုန်)|ဦးစော]]နှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။
 
== သခင် မြ (၁၈၉၇ - ၁၉၄၇) ==