သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့ - ထေရုပ္ပတ္တိ ကို ဗုဒ္ဓဘာသာရဟန်းများ ဖြင့် အစားထိုးနေသည်
စာကြောင်း ၅၄ -
သက္ကရာဇ် ၈၆၄ ခုနှစ်တွင် ရှင်မဟာ သီလဝံသ ရေးသားပြုစုခဲ့သော [[ရာဇဝင်ကျော်]]မှာ ထင်ရှားတွေ့ရှိ သမျှသော ရာဇဝင်ကျမ်းများတွင် အဟောင်းဆုံးဖြစ်သည်။ ရာဇဝင်ကျော်ဟူသော အမည်မှာ ရှင်မဟာသီလဝံသ မှည့်ခဲ့ရင်း မည်မဟုတ်၊ နောက်မှခေါ်ကြသော အမည်ဖြစ်၏။ ရှင်မဟာသီလဝံသကမူကား မဟာသမ္မတဝံသ ကျမ်းဟူ၍သာ မှည့်ခဲ့၏။ ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၈၂ ခုနှစ်ကျော်
ကျော်တွင် အင်းဝနေပြည်တော် ရတနာဗိမာန်ကျောင်း တော်ကြီး၌ပင် ပျံလွန်တော်မူသည်ဟု ခန့်မှန်းရသည်။ ရှင်မဟာသီလဝံသ၏ စာတော်စာရင်းမှာ ပါရမီတော်ခန်းပျို့၊ တောင်တွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ သံဝေဂခန်းပျို့၊ ဓမ္မပါလပျို့(ရေးဆဲပျံလွန်တော် မူသောကြောင့် တပည့်ပုဂံဆရာတော်က ဆက်ရေးရာ ၉၁၁ ခုနှစ်၌ ပြီး၏)၊ ကမ္ဘာလောင်ပျို့(စာမူမတွေ့ရ၊ တိမ်မြုပ်နေသည်)၊ ဗုဒ္ဓုပ္ပတ္တိပျို့
(ပါရမီတော်ခန်းပျို့ကိုပင် ဆိုလိုသည်ဟု အချို့မှတ်သားကြသည်)၊ တံတားဦးသည်တံတားဦးတည် မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ ရွှေနန်းကြော့ရှင်း နန်းဖွဲ့မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း (သျှိသျှားကန်ဘွဲ့ မော်ကွန်းဟုလည်း ခေါ်၏။) ဆုံးမစာ လင်္ကာများ၊ ဧကပိုဒ်၊ အဖြည့်ခံ၊ ပိုဒ်စုံရတုများ၊ ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊ မဟာရဟနီတိ၊ နေတ္တိပါဠိတော် နိသျဟောင်း၊ ဆုံးမစကားပုံ အစရှိသော ကျမ်းများနှင့် ရတနာဗိမာန်ကျောင်းတော် ကျောက်စာတို့ဖြစ်၏။ ထိုကျောက်စာမှာ တစ်ကြောင်းလျှင် စာလုံးရေ ၈ဝ ခန့်၊ တစ်ဖက်တွင် ကြောင်းရေ ၅၄၊ တစ်ဖက်တွင် ၃၅ ခန့်ရှိ၏။
 
=== ရှင်မဟာသီလဝံသ ဆုံးမစာများ ===