"ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
Reverted 2 edits by 37.111.3.106 (talk) to last revision by Rachmat04. (SWMT)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
အရေးမကြီး (Reverted 2 edits by 37.111.3.106 (talk) to last revision by Rachmat04. (SWMT))
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း အစားထိုးခဲ့သည်
}}
 
'''ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ''' ({{lang-en|Zo National Region Development Party}}; အတိုကောက် '''ZNRD''') သည် [[မြန်မာနိုင်ငံ]]ရှိ [[နိုင်ငံရေးပါတီ]] တစ်ခုဖြစ်သည်။<ref name=UEC>{{cite web|url=http://uecmyanmar.org/index.php/voters/86-2013-05-08-09-12-08/601-10-7-2015-znrd|title=ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ|publisher=[[ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်]]|accessdate=၂၁ နိုဝင်ဘာ ၂၀၁၅}}</ref>
 
ဇိုပါတီရဲ့​ဟောွေပါခကျြ
 
ကျွန်တော်ကတော့      ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခမ်အင်ထန်း ဖြစ်ပါတယ်။ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီကို အင်္ဂလိပ် လို Zo National Region Development Party လို့ ခေါ်ပါတယ်။ အတိုကောက် Zo Party အဖြစ်လည်း လူသိများပါတယ်။
ဦးစွာ မိဘပြည်သူများကို    ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဆက်ပေးလိုပါတယ်။   ဇိုတိုင်းရင်းသားဆိုတဲ့ စကားရပ်ကို တစ်ပိုင်း၊ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ စကားရပ်ကို တစ်ပိုင်း၊ နှစ်ပိုင်း ခွဲခြားပြီး တင်ပြသွား မှာဖြစ်ပါတယ်။
 
''ဇို'' ဆိုတာ မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်း သားလူမျိုးနွယ်စု ၁၃၅ မျိုးထဲမှာ ပါဝင်တဲ့ လူမျိုးစုဖြစ်ပြီး လူမျိုးစုသင်္ကေတ (Code) နံပါတ်ကတော့ (၄၂၁) (421) ဖြစ်ပါတယ်။  Zo ရဲ့ ထူးခြားချက် တစ်ခုကတော့ ''ချင်း'' လူမျိုးကို ဘာသာပြန်တဲ့အခါ Zo Minam မြန်မာလို ဇိုလူမျိုးလို့ ခေါ်ဆိုတာပဲဖြစ်ပါတယ်။Mi  ဆိုတာ ''လူ'' လို့ အဓိပ္ပာယ်ရပြီးတော့ Minam ဆိုတာ ''လူမျိုး'' လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကြောင့်  Zo Miဆိုတာ ဇိုလူ (သို့မဟုတ်) ချင်းလူဖြစ်ပြီးတော့ Zo  Minam ဆိုတာ ဇိုလူမျိုး (သို့မဟုတ်) ချင်းလူမျိုးလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကြောင့် ဇိုတိုင်းရင်းသား ဆိုတာ ဇိုလူမျိုးနွယ်စုတစ်ခုတည်းကိုသာမက ချင်းတိုင်းရင်းသားအားလုံး ကိုလည်း    ကိုယ်စားပြုတဲ့အမည်အဖြစ် မှတ်ယူလို့ရပါတယ်။ အဲဒီလိုပဲ ချင်းပြည်နယ်ကို Zo Gam၊ ချင်းအစားအစာကို Zo An၊ ချင်းသီချင်းကို Zo Laစသဖြင့် ချင်းနေရာမှာ ဇိုကိုအစားထိုး သုံးစွဲလေ့ရှိပါတယ်။
 
ဒုတိယပိုင်းဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေး (Region Development) ဆိုတာ ကတော့ Zo  တိုင်းရင်းသားများအပါအဝင် အခြားတိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့  ဒေသတစ်ခုလုံးရဲ့  ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ညွှန်းပါ တယ်။ ဒီကနေ့  နိုင်ငံရေးစကားဝိုင်းမှာ  အဓိကထားပြောဆိုနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာဟာလည်းပဲ      ကိုယ့်ဒေသအသီးသီးကို လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့အခွင့်အရေးပဲ ဖြစ်ပါ တယ်။ ဒေသများကိုစုပေါင်းပြီး   တိုင်းပြည်တစ်ခုဖြစ်လာသလို အဲဒီဒေသ (သို့မဟုတ်) တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် စည်းလုံးညီညွတ်မှုဟာ မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်ကြပါ တယ်။ လူမျိုး၊ ဓလေ့ထုံးစံ၊ ဘာသာရေးယုံကြည်မှု မတူညီတဲ့ (တစ်နည်းအားဖြင့်) အသွင်မတူညီကြတဲ့ လူမျိုးများအနေနဲ့ အသွင်မတူကြသော်လည်း အမြင်တူ တယ်ဆိုလို့ရှိရင် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဟာ  အလိုအလျောက်ဖြစ်ပေါ်လာပါတယ်။ အနောက်ပိုင်းနိုင်ငံရေးသုခမိန်ကြီး တစ်ဦးရဲ့ အဆိုအမိန့်မှာ အခုလိုဆိုထားပါတယ်။
 
Peace is not unity in similarity
But, unity in diversity လို့ ဆိုထားပါတယ်။
အဓိပ္ပာယ်ကတော့ ငြိမ်းချမ်းရေးဆိုတာ  အသွင်တူမှုကို အခြေခံတာ မဟုတ်ဘဲ မတူကွဲပြားမှုများကို စုစည်းထားခြင်းသာဖြစ်တယ်လို့ အတိအလင်းဆို ထားပါတယ်။
အမြင်တူဖို့အတွက် ကိုယ့်နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံဖို့ လိုအပ်ပါတယ်။  အကောင်းဆုံးဥပမာတစ်ခုကတော့ ယနေ့ ကျွန်တော်တို့ နောင်အနှစ် ၂ဝ မှာအမီလိုက်ကြမယ်လို့ ကြုံးဝါးနေကြတဲ့ စင်ကာပူနိုင်ငံပဲဖြစ်ပါ 
တယ်။ စင်ကာပူနိုင်ငံဟာ ၁၉၅၇ ခုနှစ်  သြဂုတ်လ ၃၁ ရက်နေ့မှာ လွတ်လပ် ရေးရရှိခဲ့ပြီး မြန်မာနိုင်ငံထက် ၁ဝ နှစ် နောက်ကျပြီးမှ လွတ်လပ်ရေးရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံဟာ နောက်  နှစ်ပေါင်း ၃ဝ ခန့်အကြာ ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်မှာ အာရှကျားလေးကောင် စီးပွားရေးအင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ အချိန်မှာ တံငါရွာအဆင့်သာရှိတဲ့    စင်ကာပူဟာ ၁၉၉ဝ ပြည့်နှစ်အလွန်မှာ အိမ်နီးချင်းနိုင်ငံသား အတော်များများဟာ စင်ကာပူနိုင်ငံရဲ့ ရက်စက်ပြင်းထန် လှတဲ့ ကြိမ်ဒဏ်ဥပဒေကိုတောင် အန်တုပြီး ခိုးဝင်ရတဲ့အထိ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာပါတယ်။
အခုလို လူမျိုးဘာသာမတူတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ စင်ကာပူနိုင်ငံရဲ့ တိုးတက်ရခြင်းအကြောင်းကို ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင် အဓိကကျတဲ့ အချက်သုံးချက်ကို တွေ့ရှိရမှာဖြစ်ပါတယ်။
(၁) စင်ကာပူခေါင်းဆောင် လီကွမ်ယူရဲ့ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့မူဝါဒနဲ့ နိုင်ငံသားအားလုံးတန်းတူညီမျှ အခွင့်အရေးရှိရ မယ်ဆိုတဲ့ မူဝါဒအောက်မှာ စင်ကာပူနိုင်ငံသားများ အမြင်တူလာခြင်း။
(၂) လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုကို ပြင်းထန်စွာတားမြစ်ထားခြင်း။
(၃) ခေတ်ပညာတတ်လူငယ်များမွေးထုတ်ပြီး နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များမှာ ပါဝင်ဦးဆောင်စေခြင်းတို့ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်မြန်မာနိုင်ငံကို အမှန်တကယ်တိုးတက် စေချင်တယ်ဆိုလို့ရှိရင် အဲဒါတွေကို သင်ခန်းစာယူ၊ နမူနာယူရမှာ ဖြစ်ပါတယ်။ လူမျိုးရေးနှင့် ဘာသာရေးကို ရှေ့တန်းတင်တဲ့ မူဝါဒဟာ  အသွင်တူရေးကို အခြေခံတဲ့အတွက် အမြင်မတူကြတော့ဘဲ   ပဋိပက္ခနဲ့ပဲ  သံသရာလည်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ''ငါနဲ့မတူ ငါ့ရန်သူ'' ဆိုတဲ့ အယူအဆပေါက်ပွားလာပြီး  ငြိမ်းချမ်းရေးကိုလည်း    ထိခိုက် ပျက်ပြားစေပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးဖြစ်တဲ့အတွက် အသွင်တူဖို့မကြိုး စားကြဘဲ အမြင်တူဖို့ကို ဦးစားပေးဆောင်ရွက်ဖို့ အထူးလိုအပ်လှပါတယ်။
ကျွန်တော်တို့ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီအနေနဲ့  လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ  လစ်လပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာမှာ       ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။   အဲဒီဒေသကို ကဘော်ချိုင့်ဝှမ်းဒေသအဖြစ်လည်း လူသိများပါတယ်။ ကဘော်ချိုင့်ဝှမ်း ဒေသဟာ မြေပြန့်နဲ့ တောင်တန်းပေါင်းစပ်ထားတဲ့အတွက် အလွန်ပင်သာယာ လှပတဲ့ ဒေသဖြစ်သည်နှင့်အညီ လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးလွယ်ကူပြီး  စိုက်ပျိုးရေးနဲ့  ကူးသန်း ရောင်းဝယ်ရေး အလွန်ကောင်းမွန်တဲ့ ဒေသလည်းဖြစ်ပါတယ်။
ရေခံမြေခံကောင်းတဲ့ဒေသကို    စနစ်တကျတိုးတက်ဖွံ့ဖြိုးအောင် ဦးဆောင်ပေးနိုင်မယ့် ခေတ်ပညာတတ်စီးပွားရေးပညာရှင် လူငယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကိုလည်း ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေး ပါတီကနေ အမည်စာရင်း တင်သွင်းထားပြီး ဖြစ်ပါတယ်။
ကဘော်ဒေသကို ချစ်မြတ်နိုးတဲ့ မိဘပြည်သူများအနေနဲ့ အသည်းကြား က မဲတစ်ပြားနဲ့ ပါဝင်ကူညီအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
မိဘပြည်သူများအနေနဲ့ တိုင်းရင်းသားပါတီများကို မဲပေးထောက်ခံခြင်း ဟာ ယနေ့ နိုင်ငံတော်ရဲ့လမ်းစဉ်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာကိုလည်း ထပ်မံအသိပေးလိုပါတယ်။   ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ အချိန်အခါအလိုက် လိုအပ်လျှင်လိုအပ်သလို အရည်အချင်းရှိတဲ့ အခြားပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးတဲ့အလေ့အထလည်း ရှိနေပါတယ်။ အဲဒါကို လွတ်လပ်မှုရှိတဲ့ဒီမိုကရေစီစနစ်ရဲ့ အမှတ်လက္ခဏာ သင်္ကေတတစ်ခု အဖြစ် မှတ်ယူလို့ရပါတယ်။ ပန်းခြံတစ်ခုထဲမှာ ပန်းတစ်မျိုးတည်း စိုက်ပျိုး ထားရင် လှပတဲ့ပန်းခြံဖြစ်လာမှာမဟုတ်ဘဲ ရောင်စုံပန်းမျိုးစုံဖူးပွင့်နေမှသာ လျှင် အလွန်လှပတဲ့  ပန်းခြံတစ်ခုဖြစ်လာနိုင်သလိုပဲ   လွှတ်တော်အသီးသီးမှာ ပါတီကြီးများအပြင် တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီ များ ပါဝင်မှသာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနာဂတ်ဟာလည်း လှပလာမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲကြီးမှာ ကဘော်ဒေသကိုအလှဆင်
မယ့် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းကို ဝန်းရံကြ
ပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။
 
<ref name=UEC>{{cite web|url=http://uecmyanmar.org/index.php/voters/86-2013-05-08-09-12-08/601-10-7-2015-znrd|title=ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ|publisher=[[ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်]]|accessdate=၂၁ နိုဝင်ဘာ ၂၀၁၅}}</ref>
 
==ကိုးကား==
၂၀

တည်းဖြတ်မှုများ