မြင်းခြံမြို့နယ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၃၂ -
==ပထဝီဝင်အနေအထား==
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၀မိနစ်နှင့် ၂၁ဒီဂရီ ၄၆မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၅မိနစ်နှင့် ၉၅ဒီဂရီ ၃၇မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၁၅.၆၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။<ref name=mgt/>
===နယ်နိမိတ်===
မြင်းခြံမြို့နယ်၏ အရှေ့ဘက်တွင် နွားထိုးကြီးမြို့နယ်၊တောင်ဘက်တွင် တောင်သာမြို့နယ်၊အနောက်ဘက်ဆွင် မကွေးတိုင်းရှိ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်းမြို့နယ်များ တည်ရှိသည်။
===မြေမျက်နှာသွင်ပြင်===
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၀၀မှ ၁၅၅၄ပေအထက်တွင် တည်ရှိသည်။ကုန်းမြေမြင့်နည်းပါးပြီး အများအားဖြင့် မြေပြန့်ဖြစ်သည်။ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ စီးဆင်းသည်။မြို့နယ်အတွင်းရှိ ချောင်းများမှာ အရှေ့မှ အနောက်သို့ စီးဆင်းလျက်ရှိသည်။
==လူဦးရေ==
မြင်းခြံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ရခိုင်၊ရှမ်း၊ချင်း၊ကရင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၀.၀၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။
|