တောင်သာမြို့နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၉ -
'''တောင်သာမြို့နယ်'''သည် [[မြန်မာနိုင်ငံ]]အလယ်ပိုင်း၊ [[မန္တလေးတိုင်းဒေသကြီး]]၊ [[မြင်းခြံခရိုင်]] အတွင်း တွင်တည်ရှိသော မြို့နယ် တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ​တောင်သာမြို့ဖြစ်သည်။၊
 
==သမိုင်း​ကြောင်း==
​ပေါက္ကံပြည်၊ အ​လောင်းစည်သူမင်းကြီးသည် ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်ရာ ယခု​ကျောက်ရင်းအရပ်တွင် ဓါတ်​တော်အစစ်ပါ​သော ဓါတု​စေတီနှင့် ဥဒိဿ​စေတီ ၂ဆူကိုးကွယ်ခဲ့ပြီး ​ကျောက်ရစ်ရွာဟု သမိုင်းတွင်​စေခဲ့သည်။ကာလကြာ​သော် ​ကျောက်ရင်းဟု ​ပြောင်းလဲလာသည်။​တောင်သာမြို့မှာ ထိုစဉ်က အိုင်သာရွာအမည်ဖြင့် ​ကျောက်ရင်း လက်​အောက်တွင် တည်ရှိခဲ့သည်။ထိုစဉ်က ​ကျောက်ရင်းတွင် ​ပေတစ်ပင်​ပေါက်ခဲ့ရာ "​ပေတစ်သီး ကျီးတစ်သား"ဟူ​သော စကားကိုဆန့်ကျင်လျက် ​ပေပင်သည် တစ်ကြိမ်သီးပြီးလျှင် မ​သေပဲ အတက်များဖြင့် ​ဝေဆာ​နေရာ ပညာရှင်တို့က ​နောင်တွင် ​ကျောက်ရင်း၏​တောင်ဘက်တွင် မြို့​တောင်သာလိမ့်မည်ဟု နိမိတ်​ကောက်ခဲ့ကြသည်။၁၁၆၄ခုနှစ်တွင် အိုင်သာကို ​တောင်သာဟု အမည်​ပြောင်းခဲ့ရာမှ ​တောင်သာမြို့ဖြစ်လာခဲ့သည်။၂၈.၂.၁၉၇၃တွင် ပြည်ထဲ​ရေးနှင့် သာသနာ​ရေးဝန်ကြီးဌာနမှ ​တောင်သာမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။<ref name="ttt">{{cite web|url=http://www.mdyregion.gov.mm/files/Taungthar1.pdf.pdf|title=​တောင်သာမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ|publisher=[[မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့|မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံး]]|accessdate=}}</ref>
==ပထဝီဝင်အနေအထား==
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၀၀မိနစ် ၂၀စက္ကန့်နှင့် ၂၁ဒီဂရီ ၂၄မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၆မိနစ်နှင့် ၉၅ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၂၊ တောင်မှမြောက်သို့ ၂၂မိုင်ရှိပြီး ၅၀၇.၂၁စတုရန်းမိုင် ကျယ်ဝန်းသည်။<ref name=ttt/>
===နယ်နိမိတ်===
​တောင်သာမြို့နယ်၏ အ​ရှေ့ဘက်တွင် မလှိုင်မြို့နယ်၊ ​တောင်ဘက်တွင် ​ကျောက်ပန်း​တောင်မြို့နယ်၊ အ​နောက်ဘက်တွင် ​ညောင်ဦးမြို့နယ်၊ မ​ကွေးတိုင်းမှ ပခုက္ကူမြို့နယ်၊ ​မြောက်ဘက်တွင် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များ တည်ရှိသည်။
===​မြေမျက်နှာသွင်ပြင်===
ပင်လယ်​ရေမျက်နှာပြင်အထက် ၄၄၂.၉​ပေအထက်တွင် တည်ရှိသည်။မြို့နယ်၏တစ်ဝက်ခန့်မှာ ​​တောင်တန်း၊ တောင်ကုန်း၊ ​တောင်စွယ်၊ ​ရေ​ဝေ​ရေလဲကုန်းတန်း၊ ရိုး​ချောင်းများဖြင့် ​ရော​နေသည့် မညီညာ​သော ချိုင့်ဝှမ်းဖြစ်ကာ ကျန်တစ်ဝက်မှာ မညီညာ​သောလွင်ပြင်ဖြစ်သည်။မြို့နယ်အတွင်းတွင် အမြင့်​ပေ ၁၇၈၈​ပေမြင့်​သော ​တောင်သာ​တောင်၊ ၁၃၁၅​ပေမြင့်​သော နန်းမြင့်​တောင်၊ ၁၃၆၈​ပေမြင့်​သော အိုး​တောင်နှင့် ၁၃၁၆​ပေမြင့်​သော မြင်စိုင်း​တောင်တို့ တည်ရှိသည်။ဧရာဝတီမြစ်သည် မြို့နယ်အတွင်း ၉မိုင်ခန့် စီးဆင်းသည်။ဆင်တဲဝ​ချောင်းသည် ​တောင်မှ​မြောက်အတိုင်း ၁၈မိုင်စီးဆင်းကာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။
== လူဦးရေ ==
​တောင်သာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ချင်းနှင့် ကရင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊
နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၀.၀၀၁၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်နှင့်အိန္ဒိယ၊လူမျိုးများဖြစ်သည်။<ref name=ttt/>
 
၂၀၁၄ခုနှစ် [[သန်းခေါင်စာရင်း]]အရ တောင်သာမြို့နယ်ကို ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၇ အုပ်စုတို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၂၁၆,၆၄၂ဦး ရှိ‌သည်။ လူဦးရေ သိပ်သည်းဆမှာ ၁စတုရန်းကီလိုမီတာလျှင် ၁၆၄.၉ဦး ရှိပြီး အမျိုးသားဦးရေ ၉၁,၇၆၁ဦးနှင့် အမျိုးသမီးဦးရေ ၁၁၉,၄၈၁ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၄.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၅..၂ ရာခိုင်နှုန်းဖြစ်သည်။ ကျေးလက်တွင်နေထိုင်သူ ၁၉၉,၁၁၄ ဦးရှိပြီး မြို့ပြတွင်နေထိုင်သူ ၁၇,၅၂၈ ဦးရှိသည်။ ရာခိုင်နှုန်းအားဖြင့် ကျေးလက်တွင်နေထိုင်သူ ၉၁.၉ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပြတွင်နေထိုင်သူ ၈.၁ ရာခိုင်နှုန်းဖြစ်သည်။ <Ref>၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် အစီရင်ခံစာ </Ref>