ဆရာမှတ်ကြီး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀ -
၁၈၅၉ ခုနှစ်တွင် ဆရာမှတ်ကြီးသည် မော်လမြိုင်မြို့၌ အက်စ၊ ပီ၊ ဂျီ (Society for the Propagation of the Gospel - SPG) ခေါ် ရေဖျန်းဂိုဏ်း(အင်္ဂလီကန်)က ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာလေသည်။ သုံးနှစ် မျှ အမှုထမ်းပြီးနောက် [[ကာလကတ္တားမြို့]]မှ ဂိုဏ်းအုပ် ကော့တွန် (Bishop Cotton of Calcutta) က ဆရာမှတ်ကို သိက္ခာတင်ဘုန်းကြီး ဖြစ်မြောက်ရေးအတွက် ထိုမြို့ရှိ ဗိရှော့ကောလိပ်ကျောင်း (Bishop's College, Calcutta)တွင် ဓမ္မပညာကို ဆည်းပူးနိုင်အောင် စီစဉ်ပေးခဲ့လေသည်။ ဆရာမှတ်ကြီးသည် ကာလကတ္တားမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်း၌ ၁၈၆၃ ခုနှစ်တွင် သင်းထောက်အဖြစ်လည်းကောင်း၊ ၁၈၆၆ ခုနှစ်တွင် ဘုန်းကြီးအဖြစ်လည်းကောင်း သိက္ခာတင် ချီးမြှင့်ခြင်း ခံရလေသည်။
 
ဆရာမှတ်ကြီးသည် မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကလေးသူငယ် ပညာသင်ကြားရေးလုပ်ငန်း၌ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တွင် ယခု လမ်းမတော်အစိုးရအထက်တန်းကျောင်းသည် ဆရာမှတ်ကြီး တည်ထောင်ခဲ့သောကျောင်း ဖြစ်သည်။ ရှေးအခါက စိန်ဂျွန်းကောလိပ်ဟု[[အ.ထ.က(၁)လမ်းမတော်|စိန်ဂျွန်းကောလိပ်]]ဟု အမည် မှည့်ခေါ်ထားသော်လည်း ဆရာမှတ်ကျောင်းဟူ၍သာ လူသိများခဲ့လေသည်။
 
၁၈၇၉ ခုနှစ်တွင် ဂိုဏ်းချုပ် တိတ် (Archbiship Tait)က ဆရာမှတ်ကြီးကို အယူဝါဒပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (ဒီ၊ ဒီ) ချီးမြှင့်ခဲ့သည်။ ဒေါက်တာမှတ်သည် ၁၉ဝဝ ပြည့်နှစ်တွင် သာသနာပြုလုပ်ငန်းအရပ်ရပ်မှ အနားယူပြီးနောက် ၁၅ နှစ်ကြာသောအခါ အင်္ဂလန်နိုင်ငံ၌ အနိစ္စရောက်လေသည်။