ကုသိုလ်တော် ဘုရား(မန္တလေး): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၅ -
ကုသိုလ်တော် စေတီတော် ( မန်းတလေးမြို့ )
ကုသိုလ်တော်စေတီတော် ( မဟာလောက မာရဇိန် ) မှာ မန်းတလေး တောင်ခြေ အရှေ့ တောင်ဖက်တွင် ကျိန်းဝပ်တော် မူလေသည်။
သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်နေ့ ည ၂ ချက်တီးကျော်တွင် မန်းတလေးမြို့တော် ကို ပန္နက်ချရာတွင် တပြိုင်နက်တည်း အုတ်မြစ် ပန္နက်ချသော ၇ ဌာန အနက် ( ရဌာနကား မြို့တော် ကျုံးတော် မဟာလောကမာရဇိန်စေတီတော် သိမ်တော်ကြီး မဟာအတုလဝေယန်ကျောင်းတော် ပိဠိကတ်တိုက်တော် သုဓ္ဓမာဇရပ်တော် တို့ဖြစ်သည် ) မဟာ လောကမာရဇိန် စေတီတော်လည်း ပါဝင်လေသည်။ ထို့နောက် ကဆုန်လဆုတ် ၆ ရက်နေ့တွင် ၇ ဌာန ကို အုတ်စီ ခင်းရလေသည်။
မင်းတုန်းမင်းကြီး စေတီတော် တည်သည့် ကာလတွင် သီဟိုဠ်ကျွန်း ကဏ္ဏတိတ္ထမြို့မှ ရဟန်းတော် ၂ ပါး သိမ်ကိစ္စ ၀ါဒကွဲပြားသဖြင့် အဆုံးဖြတ်ခံရန် မန်းတလေးနေပြည်တော်သို့ ကြွချီ လာရာ ရဟန်းတော်များ အပြန်တွင် အတွင်းတော်မြဲ ဦးကြီး ဥပုသ်တော်ခေါင်း ဦးမွှေးနှင့် ဦးအောင်ထွန်း တို့ကို သီဟိုဠ်ကျွန်း သို့ စွယ်တော် ပင့်ထည့်လိုက်၍ စွယ်တော်ပွားတစ်ဆူ ပင့်ဆောင်လာခဲ့သဖြင့် ၁၂၂၃ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် စေတီတော်၌ ဌာပနာလေသည်။ ရတနာစေတီများနှင့် ဓာတ်တော်များ ဗောဓိရွက် စသည်တို့ကိုလည်း ဌာပနာလေသည်။
၁၂၂၄ ခုနှစ် ၀ါဆိုလတွင် မဟာရံတံတိုင်း ၃ ထပ်နှင့် စေတီတော်ကြီး ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့တွင် ထီးတော်တင်ကာ မဟာလောက မာရဇိန် စေတီတော်ဟူ၍ ဘွဲ့သမုတ်လေသည်။ ထို့နောက် မင်းတုန်းမင်းကြီးသည် ၁၂၃၃ ခုနစ် တွင် ပဥ္စမသင်္ဂါယနာ တင်တော်မူရာ ၁၂၂၂ ခုနှှစ် ကဆုန်လဆန်း ၁ ရက်နေ့က စတင်ထုလုပ်ခဲ့သော ပိဠိကတ် ကျောက်စာချပ်များကို စေတီတော်၏ ပထမ ဒုတိယ တတိယ တံတိုင်းအတွင်း ၌ ဂူစေတီများတည်၍ သွင်းနှံ စိုက်ထူခဲ့လေရာ ကျောက်စာချပ်နှင့် စေတီ ၇၂၉ ဆူရှိလေသည်။စေတီတော်မှာ ဉာဏ်တေ်ာ ၅၁ တောင် ၁ မိုက် ၄ သစ် ဖိနပ်တော်အခင််း ၆၅ တောင်ရှိ၍ မြောက်မျက်နှာတို့တွင် မူလတည်စက အုတ်စရပ် ၃၆ ဆောင်ပါ ဆောက်လုပ်ထားခဲ့၍ ယခုအခါ ပျက်စီးပျောက်ကွယ်ခဲ့လေသည်။
 
{{reflist}}