နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၀ -
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံထားသည်မှာ၂၀၀၈ မေ နာဂစ်မုန်တိုင်းပြီးချိန်မှစ၍ မြန်မာအာဏာပိုင်များသည် ထောင်နှင့်ချီမဟုတ်သော် လည်း ရာနှင့်ချီသောနေရာမဲ့လူများကို ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နှင့် အများပိုင်အဆောက်အအုံများမှ ဖယ်ရှားခဲ့ပြီး၊ ထိုသူတို့ကို ဧရာဝတီမြစ်ဝကျွန်းပေါ် ရှိ ပျက်စီးနေသည့်၎င်းတို့၏ရွာများသို့ပြန်ရန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေး အပေါ် ၎င်းတို့၏အရင်းအမြစ်များ ချိန်ဆရန် တို့အတွက် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း၊ အာဏာပိုင်များသည် အခြေခံဥပဒေအသစ် ဆန္ဒခံယူပွဲ မဲရုံလုပ်ရန်အတွက် အချို့သော အများပိုင်အဆောက် အအုံများ နှင့် ကျောင်းများကို ရှင်းလင်းထားခဲ့သည်။ ထိုစဉ်အခါ၌နအဖသည်ယခင်မြို့တော်ရန်ကုန်အနီးတစ်ဝိုက်ရှိ ဒါဇင်ပေါင်းများစွာရှိသော အစိုးရလုပ်ကိုင်နေသည့် ကယ်ဆယ်ရေးရွက်ဖျင်တဲများမှ ဒုက္ခသည်များအား နှင်ထုတ်ခဲ့ကြပြီး၊ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲတို့ကို အလေးမမူတော့ပဲ မိမိတို့အိမ်သို့ ပြန်ကြရန် အမိန့်ပေးခဲ့သည်။
 
အတင်းအကြပ်နှင်ထုတ်ခြင်းသည် အရေးပေါ်ကယ်ဆယ်ရေးကာလ ပြီးဆုံးသွားသည်နှင့်နိုင်ငံခြားအကူအညီမလိုပဲလေဘေးသင့်လူအများသည်၎င်းတို့၏ဘဝများကို၎င်းတို့ပြန်လည်တည်ဆောက်နိုင်ပြီ ဆိုသည်များကို ပြသရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုတစ်ပိုင်း ဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်ရသူများသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်တွင် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများဟု နားလည်သိရှိထားသည်။ နိုင်ငံအတွင်းရွှေ့ပြောင်းရခြင်းအပေါ် ကုလသမဂ္ဂလမ်းညွှန်စည်းမျဉ်းများ[http://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82 ကုလသမဂ္ဂ]လမ်းညွှန်စည်းမျဉ်းများ အောက်တွင် မြန်မာအစိုးရသည် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများ မိမိတို့၏အိမ်သို့ ပြန်ရန် သို့မဟုတ် နေထိုင်နေကျနေရာများသို့ပြန်ရန် သို့မဟုတ် နိုင်ငံ၏အခြားသောနေရာတွင် ဆန္ဒအလျှောက် အခြေချနေထိုင်ရန် တို့အတွက် စိတ်ချလက်ချနှင့်သိက္ခာရှိရှိ ဆန္ဒအလျှောက်ဖြစ်စေရမည့် အခွင့်အရေးကို သေချာမှုဖြစ်စေရမည်။
 
==အတင်းအကြပ်ခိုင်းစေမှုများ==