တီးတိန်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၀ -
'''တီးတိန်မြို့နယ်''' သည် [[မြန်မာနိုင်ငံ]]၊ [[ချင်းပြည်နယ်]]၊ [[ဖလမ်းခရိုင်]]တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ [[တီးတိန်မြို့]] ဖြစ်သည်။
==သမိုင်း​ကြောင်း==
တီးတိန်မြို့ မြို့မရပ်ကွက်ရှိ ဗန်ဆန်ဒိမ်အရပ်တွင်ရှိ​သော ​ရေကန်အား အ​ဝေးမှကြည့်​သောအခါ ​နေ့ဘက်တွင် ​နေ​ရောင်ခြည်အလင်း၊ ညဘက်တွင် ပိုးစုန်းကြူးအလင်းတို့​ကြောင့် ​နေ့​ရောညပါ တလက်လက်​တောက်ပပြီး ​ရောင်ပြန်ဟပ်​နေသည်ကို အစွဲပြု၍ တလက်လက်​တောက်ပ​နေ​သော​ရေပြည့်အိုင် တဲဒိမ်ဟု ​ခေါ်လာခဲ့ကြသည်။တီးတိန်မြို့နယ်ကို ကိုလိုနီ​ခေတ်အတွင်း ကမ်း​ဟောက်၊ဆုတ်တဲ၊စီယန်တိုက်နယ်ဟူ၍ တိုက်နယ်၃ခုခွဲခြား အုပ်ချုပ်ခဲ့သည်။၁၇.၉.၁၉၇၃တွင် ပြည်ထဲ​ရေးနှင့် သာသနာ​ရေးဝန်ကြီးဌာနမှ မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။<ref name="ttt">{{cite web|url=http://www.gad.gov.mm/my/content/ချင်းပြည်နယ်၊-ဖလမ်းခရိုင်၊-တီးတိန်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ|title=ဖလမ်းမြို့နယ်၏တီးတိန်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ|publisher=[[အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန]]|accessdate=}}</ref>တီးတိန်မြို့နယ်အတွင်းတွင် တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တို့ ပါဝင်သည်။
 
==ပထဝီဝင်အ​နေအထား==
မြောက်လတ္တီတွဒ် ၂၃ဒီဂရီ ၃၀မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ဒီဂရီနှင့် ၉၄ဒီဂရီ ၁၅မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၄၂၊ တောင်မှမြောက်သို့ ၃၁မိုင်ရှိပြီး ၉၄၉.၆၉စတုရန်းမိုင် ကျယ်ဝန်းသည်။<ref name=ttt/>