ကော့သောင်းမြို့: တည်းဖြတ်မှု မူကွဲများ

→‎သူဌေးကျွန်းနှင့်ကော့သောင်းတံငါရွာ: လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅၅ -
ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ ဖမ်းဆီးရမိသော ငါးအများဆုံးကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။ ကော့သောင်းမြို့တွင်း၌ မြန်မာ ကရင် မွန် ရခိုင် တရုတ် မလေး အိန္ဒိယ ဆလုံနှင့် ယိုးဒယားလူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ ဗုဒ္ဓဘာသာဘုရားစေတီပုထိုးများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဗလီဝတ်ကျောင်းများ အသီးသီးရှိသည်။ သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များကို အငှားယဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို အတွေ့ရနည်းလှပေသည်။ လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ဝန်းရံထားကြသည်။ အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး အဝေးရှိတောင်ကုန်းငယ်တစ်ခုခြေရင်းတွင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။
[[File:Kawthoung 3.jpg|thumb|နာရီစင်]]
[[File:Kawthoung10.jpg|thumb|1199​တောင်]]
 
===ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်)===
ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ဝိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။ ၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟု အမည်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူစွန်းတွင် ခြေတံရှည်လူနေအိမ်များ၊ နယ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့် လူဝင်မှု့ကြီးကြပ်ရေးစသည့် ရုံးများလည်းရှိသည်။ ကော့သောင်းကုန်းမြေနှင့် မျက်နှာချင်းဆိုင် ဆက်စပ်နေသောကျွန်းမှာ [[မြိတ်ကျွန်းစု]]တွင် ပါဝင်သော တောင်ဘက်အကျဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်ရှားသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ ထည့်သွင်းဌာပနာထားသည်ဆိုသော တောင်ကုန်းထိပ်ရှိ စေတီနှစ်ဆူတည်ရှိရာကျွန်း ဖြစ်ပေသည်။ ယင်းကြေင့်ပင် အဆိုပါ မွေတော်ကျွန်းသို့ ကော့သောင်းဘက်မှ ငါးမိနစ်ကြာမျှ လှေစီး၍ ကူးသန်းသွားလာကြသော ဘုရားဖူးခရီးသွားများ အဆက်မပြတ်ရှိနေတတ်သည်။ ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ရီဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာ [[သူဌေးကျွန်း]]ဆီသို့ ဖယ်ရီသင်္ဘောဖြင့် ၁၀ မိနစ်ခရီးအဖြစ် သွားရောက်နိုင်သည့် စပိဘုတ်(Speed Boat)ဖြင့် သွားရောက်ပါက သုံးမိနစ်ကြာမျှသွားရသည်။