ကော့သောင်းမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၄ -
နှင့် နိုင်ငံတကာစားတော်ဆက်များဖြင့် စီစဉ်ပေးထားသည်။ ယင်းဟိုတယ်၏အဆင့်အတန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိပြီး ဂြိုဟ်တုဆက်သွယ်ရေး ရုပ်မြင်သံကြား ဟိုတယ်တွင်းရုပ်ရှင်ရုံနှင့် IDD တယ်လီဖုန်းများတပ်ဆင်ဆောင်ရွက်ပေးထားသည်။
[[File:Kawthoung 9.jpg|thumb|​ကော့​သောင်း-ဘုတ်ပြင်းလမ်းမ]]
[[File:Kawthoung11.jpg|thumb|ပြည်​​တော်​အေး​စေတီ]]
 
ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သီရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။ ၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။ အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။ စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်း ချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။ တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းက ပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။ တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ ပြာလဲ့ကြည်လင်သော အန်ဒမန်ပင်လယ်ပြင် သူဌေးကျွန်း ဆလုံကျွန်းနှင့် ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင် မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။
[[File:Kawthoung 5.jpg|thumb|​ကော့​သောင်း​ဂေါက်ကလပ်အဝင်​ပေါက်]]