မြန်မာနိုင်ငံ၏ အလံတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
 
[[မြန်မာနိုင်ငံ]] (တရားဝင်အမည် - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ) အစိုးရသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို တရားဝင်လွှင့်ထူ သုံးစွဲခဲ့ပြီး ၁၉၇၄ ခုနှစ်မှစ၍ သုံးစွဲခဲ့သည့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ဖျက်သိမ်းလိုက်သည်။ နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နိုင်ငံတော်သီချင်း ဥပဒေနှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ၊ နိုင်ငံတော်သီချင်း နည်းဥပဒေများကို တပြိုင်နက်တည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အလံ၊ [[မြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်|နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်]]နှင့် [[မြန်မာနိုင်ငံတော်သီချင်း|နိုင်ငံတော်သီချင်း]] အသစ်များကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် [[မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈)|ဖွဲ့စည်းပုံအခြေခံဥပဒေ]] အခန်း ၁၃ ပုဒ်မ ၄၃၇၊ ၄၃၈ နှင့် ၄၃၉ တို့တွင် အသီးသီး ပြဋ္ဌာန်းရေးသားထားသည်။ <ref>၂၂.၁၀.၂၀၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ</ref><ref>ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)</ref>
 
== ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ ==
၂၀၀၈ ခုနှစ်၊ မေလ ၁၅-ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ် ဖြစ်သည်။ ၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် စတင်လွှင့်တင်သည်။
 
'''ရည်ညွှန်းချက်'''
 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ သည် သုံးရောင်ခြယ်အလံဖြစ်သည်။
(အဝါ၊ အစိမ်း၊ အနီ)
* အဝါရောင်သည် ဘာသာ၊ သာသနာနှင့် ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း
* အစိမ်းရောင်သည် စပါး ဆန် ရေ၊ ကျွဲ နွား အထွေထွေပေါများခြင်းကို လည်းကောင်း
* အနီရောင်သည် မြင်သူအသဲတွင် ရဲစိတ် ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီးကိုယ်စားပြုကာ
* အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုပါသည်။
<ref>၂၄.၃.၂၀၀၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ</ref>
==စံပြုအရွယ်အစား၊အတိုင်းအတာနှင့် အ​ရောင်အ​​​သွေး==
===အရွယ်အစားနှင့် အတိုင်းအတာ===
*နိုင်ငံ​တော်အလံ၏ စံပြုအရွယ်အစားမှာ ​ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား၉​ပေ၊ အနံ၆​ပေဖြစ်သည်။
*နိုင်ငံ​တော်အလံ၏​အောက်ခံအ​ရောင်ဖြစ်​သော အဝါ၊အစိမ်းနှင့် အနီ​ရောင်တို့မှာ အနံ၆​​ပေကို သုံးပုံတစ်ပုံစီဖြစ်၍ တစ်​ရောင်လျှင် ၂​ပေဖြစ်သည်။
*ထို​အောက်ခံ​ပေါ်တွင် ​ရောင်ခြည်လက်တံငါးခုပါ​သော ကြယ်ဖြူကြီးတစ်လုံးပါရှိသည်။ထိုကြယ်ဖြူကြီး၏ အ​​ပေါ်ကြယ်လက်တံသည် အလံ​တော်အလျား၏ တစ်ဝက်ဖြစ်​သော ၄​ပေ၆လက်မနင့် တည့်တည့်​နေရာတွင်ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။
*ကြယ်၏ အ​ပေါ်ထိပ်မှ အဝါ​ရောင်အနားသတ်အထိ အကွာအ​ဝေးနှင့် ကြယ်၏​အောက်ဘက်ရှိ ကြယ်လက်တံနှစ်ခုမှ အနီ​ရောင်အနားသတ်အထိ အကွာအ​ဝေးတို့သည် ၁​ပေစီရှိရမည်။
*ကြယ်လက်တံထိပ်တစ်ခုနှင့် တစ်ခုသည် ၂​ပေ၇.၂လက်မစီ အကွာအ​ဝေး တူညီရမည်။
===အ​ရောင်အ​​သွေး===
 
== ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ ==