မြန်မာနိုင်ငံ၏ အလံတော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၀ -
# [[ဝမ်းကိုဟော|ဦးဝမ်ကိုဟော]] တို့ပါဝင်ခဲ့သည်။ (နောင်တွင် ဦးဝမ်ကိုဟော နုတ်ထွက်၍ ဦးငွန်းတိုးအား အစားခန့်ထားသည်။) ထို့နောက် မြန်မာမှုနှင့် အနုပညာဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်သော ပန်းချီဆရာကြီး [[ဦးငွေကိုင်]]နှင့် [[အုန်းလွင်၊ ဦး၊ ပန်းချီ|ဦးအုန်းလွင်]]၊ ဂီတဆိုင်ရာ ဦးဘသန်းနှင့် [[တင်၊ ဆရာ (ဒဂုန်)|ဒဂုန် ဆရာတင်]]၊ အသံလွှင့်ဌာနမှ ဦးခင်ဇော်နှင့် [[ထင်၊ မောင်၊ စာရေးဆရာ|ဦးထင်ဖတ်]]တို့ကို ဖြည့်စွက်ခန့်ထားပြီးနောက် အတိုင်ပင်ခံအဖြစ် ဦးသိန်းဟန် (ဆရာ[[ဇော်ဂျီ၊ စာရေးဆရာ|ဇော်ဂျီ]])ကိုလည်း ထည့်သွင်းခဲ့ပေသည်။
 
=== ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံ ===
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ဝ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။