မြန်မာနိုင်ငံ၏ အလံတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၈ -
[[File:MyanmarFlats.jpg|thumb|စွယ်စုံကျမ်းတွင်ပါသော မြန်မာ့အလံများ]]
 
==== ဖြစ်ပေါ်လာပုံ ====
၁၉၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသည် လုံးဝအချုပ်အခြာအာဏာပိုင်လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ နိုင်ငံတော်နှင့်တကွ တမျိုးသားလုံးကို၎င်း၊ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို၎င်း ကိုယ်စားပြုသည့် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းကို မရှိမဖြစ် လိုအပ်လာတော့သည်။ ထို့ကြောင့် တိုင်းပြည်ပြုလွှတ်တော်သည် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် မူလက သဘာပတိအဖြစ် [[ဒီးဒုတ်ဦးဘချို]] ကြီးမှူး၍ အဖွဲ့ဝင်များအဖြစ်
# [[အောင်ဇံဝေ၊ ဦး|ဦးအောင်ဇံဝေ]]
စာကြောင်း ၆၃ -
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ဝ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။
 
==== အတိုင်းအတာများ ====
အလံတော် အတိုင်းအတာမှာ အလျား ကိုးပေ၊ အနံ ငါးပေ၊ လက်ဝဲအထက်ထောင့် အပြာရင့်အခန်း အလျား လေးပေ၊ အနံနှစ်ပေခွဲ ဖြစ်သည်။ ပင်နီယံ၏ အတွင်းခွေအနားကို အချင်းဝက် လေးလက်မဖြင့် လည်းကောင်း၊ အလယ်ခွေအနားကို အချင်းဝက် ရှစ်လက်မဖြင့်လည်းကောင်း အသီးအသီး ဆွဲထားသော စက်ဝန်း ဖြစ်သည်။ ပင်နီယံတွင် တူညီသော စက်သွားစိပ်ပေါင်း ၁၄ စိပ် ရှိသည်။ စက်သွားစိပ်တစ်စိပ်၏ အောက်ခြေအကျယ်မှာ ၁.၈ လက်မဖြစ်၏။ စက်သွားစိပ် တစ်စိပ်နှင့် တစ်စိပ်၏ အောက်ခြေအကွာအဝေး သည် ၁.၂ လက်မ ရှိ၏။ စက်သွားစိပ်တစိပ်၏ ထိပ်မျက်နှာပြင် အကျယ်
သည် ၁.၅လက်မ ဖြစ်၏။ စက်သွားစိပ်တစ်စိပ်စီ၏ အမြင့်မှာ ၁.၄ လက်မ ဖြစ်သည်။
စာကြောင်း ၇၂ -
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
==== အဓိပ္ပာယ် ====
စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။