ရေတပ်: တည်းဖြတ်မှု မူကွဲများ

Uploaded the US Battleships
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
Uploaded for ref link
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၇၆ -
ဤသို့ဖြင့် စစ်သင်္ဘောကြီးများသည် Reserve Fleet တွင် နှစ်ပေါင်းများစွာ အနားယူနေခဲ့ပြီး ၁၉၈၃ ခုနှစ် သမ္မ္မတရေဂင်လက်ထက်တွင် နောက်တစ်ကြိမ် ကြိမ်စြင်္ကာတို့ပြီး တာဝန်ထမ်းဆောင်ရန် အကြောင်းဖန်လာပြန်သည်။ အဘယ်ကြောင့်ဆိုတော့ သမ္မ္မတရေဂင်လက်ထက်တွင် ဆိုဗီယက်တို့၏ အရေအတွက် အင်အားကြီးမားလာသော Red Army ရေတပ်မတော်၏ အင်အားကို တန်ပြန်နိုင်ရန်အတွင် အမေရိကန်ရေတပ်မတော်အား စစ်သင်္ဘောအစီးရေ ၆၀၀ ပါဝင်သောရေတပ်ကြီးအဖြစ် တည်ဆောက်ရန် 600-ship Navy plan ဖြင့် စတင်တည်ဆောက်လေသည်။ ထိုအခါ ဆိုဗီယက်တို့၏ နောက်ဆုံးပေါ်ဒုံးပျံတင်တိုက်သင်္ဘောကြီးများဖြစ်သည့် ကီရောဗ် Kirov class ခရူဇာတိုက်သင်္ဘောကြီးများကို တန်ပြန်နိုင်ရန်အတွက် အနားယူနေသည့် အမေရိကန်တိုက်သင်္ဘောကြီးများဖြစ်သော Iowa Class တိုက်သင်္ဘောကြီးများကို ပြန်လည်အဆင့်မြှင့်တင်ပြီး တာဝန်ထမ်းဆောင်စေရန်ဆုံးဖြတ်ခဲ့လေသည်။
 
သင်္ဘောကြီးများအား ခေတ်မှီစစ်လက်နက်များဖြစ်သည့် ဟာပွန်းသင်္ဘောဖျက်ဒုံးကျည်များတပ်ဆင်ခြင်း၊ တိုမာဟောခ့် ဒုံးကျည်များတပ်ဆင်ခြင်းနှင့် Phalanx Close-in Weapon system Gatling Guns များတပ်ဆင်ပေးခဲ့ပြီး ၊ပထမဆုံး မာင်းသူမဲ့ RQ-2 Pioneer ဒရုန်းကင်းထောက်လေယာဉ် ၂ စီးကိုလည်း သင်္ဘောကြီးများပေါ်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့သည်။ ရေဒါများနှင့် Fire Control စနစ်များကိုလည်း ခေတ်မှီနည်းစနစ်များဖြင့်အစားထိုးလဲလှယ် တပ်ဆင်ပေးခဲ့လေသည်။ အီရန် အီရတ်စစ်ဖြစ်ပွားလာသောအခါ ပါရှန်းကွေ့အတွင်းသွားလာနေသော ရေနံတင်သင်္ဘောများအား ကာကွယ်စောင့်ရှောက်ပေးခြင်းတာဝန်များထမ်းဆောင်ခဲ့သည်။ ၎င်းတို့၏ကြီးမားလှသော ၁၆ လက်မအမြောက်ကြီးများအား စမ်းသတ်ပစ်ခတ်လေ့ကျင့် အင်အားပြခြင်းကိုလည်း မကြာခဏပြုလုပ်ခဲ့လေသည်။ နောက်ဆုံးအနေဖြင့် ပထမပင်လယ်ကွေ့စစ်ပွဲတွင် ပါဝင်ခဲ့ပြီး ဆိုဗီယက်ယူနီယံပြိုကွဲသွားသောအခါ အမေရိကန်သည် ကမ္ဘာ့ထိပ်သီး ဆူပါပါဝါအဖြစ် ကျန်ရှိခဲ့ပြီး ၎င်းနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရန် ပါဝါအင်အားကြီးနိုင်ငံမရှိတော့သည့်အတွက် စစ်လက်နက်အင်အားများကို တဖြည်းဖြည်း လျှော့ချရန်ဆုံးဖြတ်ခဲ့သည်။ ထိုအခါ အနားယူနေရာမှ မကြာခဏပြန်လည်တာဝန်ထမ်းဆောင်စေခဲသော Iowa-class စစ်သင်္ဘောကြီးများအား အပြီးတိုင်အနားပေးရန် ဆုံးဖြတ်ခဲ့တော့သည်။ ဒုတိယကမ္ဘာစစ်မှစ၍ နှောင်းခေတ်အထိ အမေရိကန်ရေတပ်မတော်တွင် အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သော သင်္ဘောကြီးများအား (Scrap)မလုပ်ဘဲ နောင်လာနောင်သားများ လေ့လာနိုင်ရန် ပြတိုက်သင်္ဘောများအဖြစ် ယနေ့တိုင်ပြသထားပါသည်။[https://en.m.wikipedia.org/wiki/List_of_battleships_of_the_United_States_Navy]
 
== ကိုးကား ==