စခန်းသာဟော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အကြောင်းအရာ လင့် ပေါင်းထည့်ခြင်း။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[ကျောက်မဲမြို့]]မှ ကျောက်မဲ - မန္တလေး ကားလမ်းအတိုင်း ဆင်းလာခဲ့၍ မိုင်အနည်းငယ်အကွာတွင် ''စခန်းသာရွာ''လေးတည်ရှိပြီး ထိုရွာမှ အတွင်းဘက် ၂ မိုင်ခန့် အကွာတွင် ထင်းရှူးပင်အုပ်တွေနှင့် ကုန်းတန်းလေးတစ်ခုတည်ရှိပြီး ထိုကုန်တန်းလေးပေါ်တွင် '''စခန်းသာဟော်'''အမည်တွင်သော သီပေါစော်ဘွားကြီး ဆာစောချယ်၏ '''နွေရာသီဟော်နန်း''' တည်ရှိသည်။ ထိုဟော်နန်းသည် [[စောမြအေးကြည်၊ ဒေါ်|ဒေါ်စောမြအေးကြည်]]၏ ကျော်ကြားလှသော '''"[[မိုးဒေဝါ]]"သီချင်း'''ကို စပ်ဆိုခဲ့ရာ ဟောနန်းပင် ဖြစ်သည်။<br />
 
သီပေါစော်ဘွား၏ စခန်းသာဟော်မှာ တောင်စွယ်တစ်ခုပေါ်တွင် တည်ဆောက်ထားသည်။ တောင်စွယ်မျက်နှာပြင်သည် စည်မျက်နှာကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိသည်။ တောင်စွယ်ဆုံးသွားသည့်အခါ၌ ကမ်းပါးကို ဖြိုချကာ ကျောက်တုံးတွေ စီထားပြီး အောက်အဆင့်တွင် မြတ်ခင်းပြင်တစ်ခု လုပ်ထားပြန်သည်။ အပေါ်မြတ်ခင်းပြင်နှင့် အောက်မြတ်ခင်းပြင်ကို အုတ်လှေကားတစ်ခုဖြင့် ဆက်သွယ်ထားသည်။ <br />
စာကြောင်း ၅ -
တောင်စွယ်အောက်တွင် ကွင်းပြင်ကြီးက မျှော်မဆုံးနိုင်ရှိနေသည်။ ကွင်းပြင်ကို လွန်လျှင် လားရှိုး - မန္တလေး ကားလမ်းကို ရေးရေးမြင်ရပြီး ကားလမ်းလွန်လျှင် မျှော်မဆုံးနိုင်သော လယ်ကွင်းများ၊ တောင်ယာများ၊ လှေကားထစ်စိုက်ကွင်းများ၊ တောအုပ်များ၊ စမ်းချောင်းများ၊ မှိုင်းပြာသောတောင်တန်းများ ထိုနောက် မိုးကုတ်စက်ဝိုင်းကြီးကို မြင်တွေ့နိုင်သည်။ <br />
 
ဟော်ဆောက်ထားရာ တောင်စွယ်နောက်တွင် တောင်တန်းကြီးများ၊ တောများ ရှိသည်။ ဟော်ပတ်ပတ်လည်တွင်လည်း ထင်းရှူးပင်များ၊ ဝက်သစ်ချပင်များ၊ ယူကလစ်ပင်များ စိုက်ထားသည်။ သီပေါစော်ဘွား၏ ဟော်နန်းသည် ရုတ်တရက်ကြည့်လိုက်လျှင် မြန်မာနိုင်ငံ ရောက်နေသည်ဟု မထင်ရပဲ ဥရောပနိုင်ငံတစ်ခုက ကျေးလက်စံအိပ်တစ်အိမ်သို့ ရောက်နေသည်ဟု ထင်ရလောက်သည်။
 
== ဗိသုကာလက်ရာများ ==
တောင်စွယ်က မြတ်ခင်းအလယ်တွင် ဆောက်ထားသည့် နွေရာသီဟော်နန်းမှာ အနောက်တိုင်းနှင့် အရှေ့တိုင်း အမျိုးသားဗိသုကာလက်ရာကို ပေါင်းစပ်ထားသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ ကော့်တစ်ချ်ခေါ် တစ်ထပ်တိုက်ဖြစ်ပြီး အလယ်ထိပ်တွင် ရောမခေတ်က ကော်လံများလို ကျောက်ဖြူတိုင်လုံးကြီးတွေ ထူထားကာ ထိပ်တွင် ဒေါင်းရုပ်ကြီး တစ်ရုပ်ကို ကျောက်ဆစ်၍ ပုံဖော်ထားသည်။ ကော့်တစ်ချ်ဘေးဘက်က တောင်ပံသဖွယ် ဖြန့်နေသည်။ အဆောင်တစ်ဖက်တစ်ချက်ပေါ်တွင် ပြသာဒ်များ တင်ထားသည်။ ပင်မကော့်တစ်ချ်အနောက်ဘက်မျက်နှာစာ အဝကလည်း ရောမကော်လံလို ကျောက်ဖြူတိုင်ကြီးတွေ ထူထားပြီး ထိပ်တွင် ယုန်ရုပ်ကို ကျောက်ဆစ်၍ ဖော်ထားလေသည်။ <br />