တပ်ကုန်းမြို့: တည်းဖြတ်မှု မူကွဲများ

Removing Takone.jpg, it has been deleted from Commons by Jcb because: per c:Commons:Deletion requests/Files uploaded by Kokyawzayya.
အရေးမကြီးNo edit summary
စာကြောင်း ၂၆ -
 
'''တပ်ကုန်းမြို့'''သည် [[နေပြည်တော် ပြည်ထောင်စုနယ်မြေ]]တွင် ပါဝင်သည့် မြို့နယ်ရှစ်မြို့နယ်အနက် [[တပ်ကုန်းမြို့နယ်]]၏ မြို့နယ်ရုံးစိုက်သည့် မြို့ဖြစ်သည်။ နေပြည်တော် တပ်ကုန်းမြို့ ဟုလည်း ခေါ်သည်။ စာပေဟောပြောပွဲများ၊ တရားပွဲများ၊ အလှူအတန်းပွဲများနှင့် အဆက်မပြတ် စည်ကားသည့် မြို့တစ်မြို့ဖြစ်သည်။ ဆန်စပါးရောင်းဝယ်ရေး၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး နှင့် ဒေသသုံး လူသုံးကုန်၊ စားသောက်ကုန်များအတွက် စက်ရုံ အလုပ်ရုံများသည် မြို့၏ အဓိကစီးပွားရေး ဖြစ်ပါတယ်။ စာသင်ကျောင်းများ အများအပြားရှိသည်။ သာသနာရေးအတွက် အားထားရာ ပရိယတ္ထိ စာသင်တိုက်များကို မြို့ပေါ်တွင် သာမက ကျေးရွာတွေမှာပါ အင်တိုက်အားတိုက် သင်ကြား ပို့ချလျက် ရှိသည်။ တပ်ကုန်းမြို့၏ အထင်ကရ နေရာများမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ သကြားစက် အစရှိသော နေရာများဖြစ်သည်။
 
==ဖွံ့ဖြိုးရေး==
တပ်ကုန်းသည် ၁၂၄၇-ခုနှစ် မတိုင်မီ မြန်မာဘုရင်များ လက်ထက်က ရွာငယ်ဇနပုဒ်မျှသာ ဖြစ်သည်။