တပ်ကုန်းမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဖွံ့ဖြိုးရေး
No edit summary
စာကြောင်း ၂၅ -
}}
 
'''တပ်ကုန်းမြို့'''သည် [[နေပြည်တော် ပြည်ထောင်စုနယ်မြေ]]တွင် ပါဝင်သည့် မြို့နယ်ရှစ်မြို့နယ်အနက် [[တပ်ကုန်းမြို့နယ်]]၏ မြို့နယ်ရုံးစိုက်သည့် မြို့ဖြစ်သည်။ နေပြည်တော် တပ်ကုန်းမြို့ ဟုလည်း ခေါ်သည်။ စာပေဟောပြောပွဲများ၊ တရားပွဲများ၊ အလှူအတန်းပွဲများနှင့် အဆက်မပြတ် စည်ကားသည့် မြို့တစ်မြို့ဖြစ်သည်။ ဆန်စပါးရောင်းဝယ်ရေး၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး နှင့် ဒေသသုံး လူသုံးကုန်၊ စားသောက်ကုန်များအတွက် စက်ရုံ အလုပ်ရုံများသည် မြို့၏ အဓိကစီးပွားရေး ဖြစ်ပါတယ်။ စာသင်ကျောင်းများ အများအပြားရှိသည်။ သာသနာရေးအတွက် အားထားရာ ပရိယတ္ထိ စာသင်တိုက်များကို မြို့ပေါ်တွင် သာမက ကျေးရွာတွေမှာပါ အင်တိုက်အားတိုက် သင်ကြား ပို့ချလျက် ရှိသည်။ တပ်ကုန်းမြို့၏ အထင်ကရ နေရာများမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ သကြားစက် အစရှိသော နေရာများဖြစ်သည်။
==မြေမျက်နှာပြင်၊ ပထဝီအနေအထား၊ တည်နေရာနှင့် အကျယ်အဝန်း==
 
 
တပ်ကုန်းမြို့သည် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၀' နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀' အတွင်းတည်ရှိသည်။ ရန်ကုန်-မန္တလေးသွား ကားလမ်း(ဟောင်း)နှင့် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ ရန်ကုန်မှ မြောက်ဘက်သို့ မော်တော်ကားလမ်း မိုင်တိုင်အမှတ် ၂၅၈/၂ မှ ၂၈၅/၅ အထိ တောင်နှင့် မြောက် ၂၇-မိုင် ၃ဖာလုံ ရှည်လျားသည်။ ပင်လယ်ရေမျက်နှင်ပြင် အထက် ပေပေါင်း ၂၂၅၀ အမြင့်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် [[ရှမ်းပြည်နယ်]]၊ [[ပင်လောင်းမြို့]]၊ အနောက်ဘက်တွင် [[မကွေးတိုင်း]]၊ [[တောင်တွင်းကြီးမြို့နယ်]]၊ မြောက်ဘက်တွင် [[မန္တလေးတိုင်း]]၊[[ရမည်းသင်းမြို့နယ်]] နှင့် တောင်ဘက်တွင် [[ပျဉ်းမနား]]နှင့် [[လယ်ဝေးမြို့နယ်]]တို့ ဆက်စပ်လျက်ရှိပါသည်။
 
 
 
စာပေဟောပြောပွဲများ၊ တရားပွဲများ၊ အလှူအတန်းပွဲများနှင့် အဆက်မပြတ် စည်ကားသည့် မြို့တစ်မြို့ဖြစ်သည်။ ဆန်စပါးရောင်းဝယ်ရေး၊ ကောက်ပဲသီးနှံရောင်းဝယ်ရေးနှင့် ဒေသသုံး လူသုံးကုန်၊ စားသောက်ကုန်များအတွက် စက်ရုံ အလုပ်ရုံများသည် မြို့၏ အဓိကစီးပွားရေး ဖြစ်ပါသည်။ စာသင်ကျောင်းများ အများအပြားရှိသည်။ သာသနာရေးအတွက် အားထားရာ ပရိယတ္ထိ စာသင်တိုက်များကို မြို့ပေါ်တွင် သာမက ကျေးရွာများတွင်ပါ အင်တိုက်အားတိုက် သင်ကြားပို့ချလျက်ရှိသည်။ တပ်ကုန်းမြို့၏ အထင်ကရ နေရာများမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ သကြားစက် အစရှိသော နေရာများဖြစ်သည်။
 
==ဖွံ့ဖြိုးရေး==
တပ်ကုန်းသည် ၁၂၄၇-ခုနှစ် မတိုင်မီ မြန်မာဘုရင်များ လက်ထက်က ရွာငယ်ဇနပုဒ်မျှသာ ဖြစ်သည်။ ထိုအချိန်က ဆက်သွယ်ရေးလမ်းကြောင်းမှာ တပ်ကုန်းအရှေ့ ဘော်ရွာနှင့် တပ်ကုန်းအနောက် ခရမ်းစပ်ကုန်းရွာကို ဖြတ်သန်းသွားသည့် လှည်းလမ်းမျှသာ ဖြစ်သည်။ အရေးကြီးက စစ်ချီလမ်းများလည်း ဖြစ်သည်။ တပ်ကုန်းသည် အင်္ဂလိပ် အစိုးရအုပ်ချုပ်သည့် အချိန်ထိ ခရမ်းစပ်ကုန်း ဒိုင်သူကြီး ဦးမေဒါ၏ လက်အောက်ခံ ရွာငယ်မျှသာ ဖြစ်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်ရေး အသားကျလာပြီးနောက်
ရန်ကုန်-မန္တလေး မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖောက်လာသည့် အချိန်တွင် တပ်ကုန်းမှာ ထင်ရှားလာသည်။ ကူးသန်းရောင်းဝယ်ရေး အခြေအနေ ကောင်းမွန်လာသဖြင့် စည်ကားတိုးတက်လာခဲ့သည်။ တပ်ကုန်းမြို့နယ်သည်[[တပ်ကုန်းမြို့နယ်]]သည် ကျောထောက်နောက်ခံနယ်မြေ၏ထွက်ကုန်သီးနှံ အခြေအနေ ကောင်းမွန်မှုကြောင့် စီးပွားရေးအချက်အချာ ဒေသတစ်ခု ဖြစ်လာခဲ့သည့် အကြောင်းမှာ ရထားလမ်း၊ ကားလမ်းများသည် မြို့လည်မှ ဖြတ်သန်းသွားလာသောကြောင့် ဖြစ်သည်။
 
ယခင် တပ်ကုန်း၏ တည်နေရာသည် မိုးကောင်းဘုရား အရှေ့ဘက် ကုန်းပေါ်တွင် ရှိပြီး တပ်ကုန်းဘူတာဆောက်လုပ်ပြီးနောက် ဘူတာအနောက်ဘက်တွင် (ဘူတာရွာ)(ယခု အမှတ်/၅) ဟူ၍၎င်း၊ ဘူတာအရှေ့ဘက်တွင် မြို့ကုန်း (ယခု အမှတ်/၁ နှင့် ၃-အုပ်စု/ ၁နှင့် ၂)ဟူ၍၎င်း ရွှေ့ပြောင်း တိုးချဲ့လာသည်။ ရွာမရပ်မှာ မူလရွာဟောင်းပင် ဖြစ်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်နေသည့် ၁၃၀၄-၁၉၄၂ ခုနှစ်ထိ သူကြီးဦးပု အုပ်ချုပ်သော အိမ်ခြေ ငါးရာကျော်၊ လူဦးရေ နှစ်ထောင်ခန့် ရှိသည်။ ဒိုင်နယ်ရွာတစ်ရွာအဖြစ် တည်ရှိနေခဲ့သည်။