ကိုးခန်းဇရပ်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၇ -
ဆင်ဖြူတောင်ခြေရှိ ကိုးခန်းကြီးဇရပ်ကို [[ရသေ့ကြီး ဦးခန္တီ]]က ဦးဆောင်၍ (၁၉၃၁) ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပျဉ်းမနားမြို့တွင်းရှိ ကိုးခန်းကြီးဇရပ်နှင့် တစ်နှစ်တည်းအတူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။။ အဆိုပါ ကိုးခန်းကြီး ဇရပ် နှစ်ဆောင်လုံးကို ပျဉ်းမနားမြို့မှ သူဌေးဦးလန်းနှင့် ဒေါ်မမလေးတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
 
ပျဉ်းမနားမြို့တွင်းရှိ ကိုးခန်းကြီးကို [[လယ်တီဆရာတော်|ပထမ လယ်တီဆရာတော်ကြီး]]၏ တပည့်၊ သူဌေးဦးလန်းတို့၏ မွေးစားသား၊ ဆရာတော် ဦးဉေယျအား လှူဒါန်းခဲ့ပြီး၊ ဆင်ဖြူတောင်ကိုးခန်းကြီးကို ရသေ့ကြီး ဦးခန္တီအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၎င်း ဆင်ဖြူတောင် ကိုးခန်းကြီးဇရပ်ကြီးတွင် ကိုလိုနီခေတ် လက်ရာ ငါးရာ့ငါးဆယ် ဇာတ်တော်များ၊ကောသလမင်း အိပ်မက်ခန်း ပန်းချီကားချပ်များကို ပြုပြင်ထိန်းသိမ်းမှု အားနည်းကာ ဆေးရောင်မထင်မရှားနှင့် ပျက်ပြယ်လုနီးပါးဝမ်းနည်းဖွယ်ရာ မြင်တွေ့သည်။ဇရပ်၏ကြမ်းပြင်ပေါ်တွင် ရေညှိများကိုတွေ့ရပြီး ရေတက်ချိန်တွင် ဇရပ်ပေါ်အထိ ရေတက်ကြောင်းကို သိရှိနိုင်သည်။
 
ဇရပ်ကြီးဘေးတွင် [[ဗမာ့ခေတ် ဦးအုန်ခင်ဦးအုန်းခင်]] နှင့် ဒေါ်ခင်ခင်လေးတို့ လှူဒါန်းထားသော မီးစက်ကြီးကို တွေ့ရှိရသည်။ ဗမာ့ခေတ် ဦးအုန်းခင်ဆိုသည်မှာ ပါလီမန်ခေတ်က တန်ခိုးထက်သော နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးသမား တစ်ယောက်ကို '''ကျော်ငြိမ်း ... ငါ့ညီ မင်း ငယ်ပါသေးတယ်'''ဟူသည့် စာအုပ်ရေးသားခဲ့သော ဗမာ့ခေတ်သတင်းစာတိုက်ပိုင်ရှင် သတင်းစာဆရာကြီး တစ်ဦးဖြစ်သည်။ သူ့မိန်းမ ဒေါ်ခင်ခင်လေးဆိုသည်မှာလည်း စာရေးဆရာမကြီး [[ဒဂုန်ခင်ခင်လေး]]ဖြစ်သည်။ဤအချက်ကိုထောက်ဆ၍ ဆင်ဖြူတောင်ခြေရှိကိုးခန်းကြီးဇရပ်သည် တစ်ခေတ်တစ်ခါက အလွန်စည်ကားခဲ့ကြောင်းကို မှန်းဆကြည့်နိုင်သည်။<ref>ဆင်ဖြူတောင်-ကိုးခန်းကြီးနှင့်-ပေါင်းလောင်းမြစ်၏-သက္ကရာဇ်အိုများ</ref>
 
==ကိုးကား==