မန္တလေးတောင်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅ -
 
မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ ဘုရားအလောင်း ငါးရံ့မင်းသည် ထိုမှ အန္တရာယ်ကင်းရာသို့ မှန်း၍ ကူးခတ်ပြေးခဲ့ရသောတောင်ကို ထိုစဉ်က မှန်းပြေးတောင်ဟု တွင်ခဲ့ပြီး ယခုအခါ မန္တလေးတောင်ဟု ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်။
==မန္တလေး ဘိုးဘိုးကြီးဘိုးတော်ကြီး==
မန္တလေးတောင်၊ အရှေ့ဘက်စောင်းတန်းတွင် ရှိသော မန္တလေး ဘိုးတော်ကြီးမှာ သာသနာ သက္ကရာဇ် ၁၅၅၈၊ ကောဇာသက္ကရာဇ် ၄၀၆-ခုနှစ်၊ ခရစ်နှစ် ၁၀၄၅ တွင် နန်းတက်သော ပုဂံပြည့်ရှင် အနော်ရထာမင်းသည် တရုပ်ပြည်မှ ပြန်အလာ တောင်ပြုံးအရပ်၌ စေတီတော် တစ်ဆူကို တည်တော်မူရာ အုတ်နှစ်ချပ် လပ်မှုနှင့် ပတ်သက်၍ ရွှေဖျဉ်းညီနောင်တို့ကို စစ်သူကြီး ကျန်စစ်သားမှ ကွပ်မျက်ရာ၌ တာဝန်မကင်းဟု ဆိုပြီး အထိန်းတော် '''ပရောဟိတ်ပုဏ္ဏားဆရာကြီး'''ကို ဤနေရာ၌ ကွပ်မျက်ခံရသည့်အတွက် နတ်ဖြစ်ရကြောင်း ပုဂံရာဇဝင်၌ ဖတ်ရသည့်အပြင် ဘာသာပြန် ဦးထွေးဟန်၊ သုတေသီ ဦးဘညွန့်တို့၏ '''မြန်မာ့မိရိုးဖလာဓလေ့နတ်သမိုင်း'''
စာ-၇၄ တွင် ဖေါ်ပြထားသည်။ အတွင်း (၃၇)မင်းတွင် အမှတ်စဉ် (၂၄)၌ ၎င်း၊ တောင်ပြုံးမင်းကြီး၊ မင်းလေးတို့က အမှတ်စဉ် (၂၅)(၂၆)တို့၌ ဖော်ပြထားကြောင်း တွေ့ရသည်။ <ref>ဦးခန္တီ၏ ထေရုပ္ပတ္တိ နှင့် ရွှေမန်းတောင် သမိုင်းအကျဉ်း၊ စာရေးဆရာ ဦးအေးမောင်(အငြိမ်းစား ရဲတပ်ကြပ်ကြီး)၂၀၀၀ပြည့်နှစ်၊ စက်တင်ဘာလ၊ စတုတ္ထအကြိမ်၊ စာ-၄၈</ref>
 
==တောင်ကိုးလုံး==