အနောက်ဖက်လွန်မင်း: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
အရေးမကြီး (→‎သန်လျင်)
အရေးမကြီး (→‎တနင်္သာရီ)
 
== တနင်္သာရီ ==
သန်လျင်ကို ရပြီးနောက် အနောက်ဖက်လွန်မင်းသည် [[ဟံသာ၀တီဟံသာဝတီ]]တွင် နန်းစိုက်ကာ အောက်ပြည်ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်သည်။ ရှေးဦးစွာ မုတ္တမစားဗညားဒလ လာရောက်သစ္စာခံသည်။ ဗညားဓမ္မရာဇာဘွဲ့ပေးကာ [[မုတ္တမ]]ကိုပင် ပြန်စားစေသည်။ သို့သော် ဆက်သသည့် ဆင်၊မြင်း၊ သားသမီးတို့ကို သိမ်းယူသည်။ [[ရေးမြို့]]စားဗညားရံကို အနားတွင်ခေါ်ထားပြီး ညီတော်[[စစ်ကိုင်း]]စားကို ရေးမြို့စားအဖြစ် ခန့်အပ်သည်။ မိုးကာလအတွင်း ဟံသာ၀တီနန်းတွင် စံနေခဲ့ပြီး မိုးကုန်လျှင် မုတ္တမသို့ သွားရာ ညီတော်စစ်ကိုင်းစားအား ယိုးဒယားနှင့် ဩဇာခွ [[ထားဝယ်]]စားတို့မှ လာရောက်တိုက်ခိုက်ဖမ်းဆီးသွားကြောင်းသိရသည်။
 
တိုက်ပွဲများအတွင်း ၁၆၁၃အကုန်တွင် ထားဝယ်စား ဆင်ထက်၌ ကျဉ်သင့်၍ လွန်သည်။ ညီတော်စစ်ကိုင်းစားကို ပြန်ရသည်။ ထိုနောက် ရေးမြို့မှနေကာ [[တနင်္သာရီတိုင်း|တနင်္သာရီ]]ဒေသတစ်ခုလုံးကို တပ်များဖြန့်ကာ ချထားစေသည်။ ထိုတပ်များသည် နယ်မြေအနေအထား မကျွမ်းကျင်သဖြင့် ဒုက္ခများတွေ့ကြသော်လည်း ကျူးကျော်လာကြသည့် ယိုးဒယားတပ်များကိုမူ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။ ၁၆၂၂မတိုင်မှီပင် တနင်္သာရီဒေသတစ်ခုလုံးကို လက်ရယူနိုင်ခဲ့သည်။
၂၆၄၄၀

တည်းဖြတ်မှုများ