ပင်းယမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ပင်းယမြို့'''သည် မြန်မာ့သမိုင်းဝင် မင်းနေပြည်တော် ဖြစ်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည်။ ယနေ့ [[အင်းဝ]]မှ တောင်ဖက် ကျောက်ဆည်နယ်အနီးတွင် တည်ရှိပြီး ခြုံနွယ်ယှက်နေသော အုတ်ပုံပျက်နှင့် ရွာငယ် ဇနပုဒ်များအဖြစ်နှင့်သာ တွေ့မြင်နိုင်တော့သည်။ ရှေးဘုရား စေတီပုထိုးတို့မှာလည်း အပြိုအပျက်များသာ ကျန်တော့သည်။
==တည်နေရာ==
 
ပင်းယမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ တောင်ဘက် တစ်မိုင်ခန့်အကွာ၊ မန္တလေး-မြင်းခြံ မီးရထားလမ်းနှင့် စကားအင်းရွာကြား၊ [[ပန်းလောင်မြစ်]] ၏ အနောက်ဘက်ကမ်းတွင် တည်ရှိပါသည်။ တံတားဦး-ကျောက်ဆည် ကားလမ်းသည် ပင်းယမြို့ဟောင်း၏ အလယ်မှ တောင်-မြောက် ဖြတ်၍ ဖောက်လုပ်ထားသည်။ ပင်းယမြို့သည် မြောက်လတ္တီတွဒ် ၉၅ဒီဂရီ ၅မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၂၁ ဒီဂရီ ၄၇မိနစ်တွင် တည်ရှိသည်။
 
ပင်းယမြို့ကို စတင်တည်ထောင်သူမှာ [[တစ်စီးရှင်သီဟသူ]] ဖြစ်ပြီး မြန်မာသက္ကရာဇ် ၆၇၄-ခုနှစ်၊ အေဒီ-၁၃၁၃ တွင် စတင်တည်ထောင်ခဲ့သည်။ ပုဂံပျက်သုဉ်းပြီးနောက် ပေါ်ပေါက်လာသော မြို့ ဖြစ်သည်။ ပင်းယကို မတည်မှီက အင်းဝနေရာတွင် မြို့တည်ရန် ၃ကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွှေ့ကာ မြို့တည်ခြင်းဖြစ်သည်။