ကာကွယ်ရေးဝန်ကြီးဌာန: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉၀ -
 
၁၉၄၈ ခု ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံစစ်ရုံး၊ ကာကွယ်ရေးဌာန အောက်တွင်ရှိသော ဌာနအသီး အသီးတို့ကိုနေသားတကျ အကောင်အထည်ဖေါ်ပြီးလျှင် စစ်ရုံးအမြဲတမ်း အတွင်းဝန်ဌာနဟူ၍ အမည်ပြောင်း ခဲ့လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
===ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဖွင့်လှစ်ခဲ့သည့် နေရာများ===
၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်တွင် ကာကွယ်ရေးဌာန၊ မြန်မာ့တပ်မတော်စစ်ဌာနချုပ်၊ မြန်မာ့ရေတပ်မတော်ဌာနချုပ်နှင့် မြန်မာ့လေတပ်မတော်ဌာနချုပ်တို့ကို စုစည်း၍ စစ်ရုံးကို ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်လက်ျာက ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံး တို့သည် ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ အမှတ် (၇၇)၊ စစ်ရုံးဝင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
 
စစ်ရုံး၊ အမြဲတမ်းအတွင်းဝန်ဌာနသည် ၁၉၅၂ ခုနှစ်တွင် စစ်ရုံးမှ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံး အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ အတွင်းဝန်ရုံးတွင် ဌာနစု ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၁၃၅ ဦး၊ စုစုပေါင်းအင်အား ၁၄၅ ဦးဖြင့် ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။
 
၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စစ်ရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီးမှာ ဦးဗဆွေ ဖြစ်၏။ ထိုသို့ ပြန်လည်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးဝန်ကြီးဌာနတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ အတွင်းဝန်ရုံး(ကာကွယ်ရေး)၊ စစ်ရာထူးခန့် အတွင်းဝန်ရုံး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၊ ငွေစာရင်းရုံး(ကာကွယ်ရေး)များ ပါဝင်သည်။
 
၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၆၀ ပြည့်နှစ်၊ မတ်လထိ အိမ်စောင့်အစိုးရကာလတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ အစိုးရလက်ထက်တွင်လည်း ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။
 
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဌကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။
 
၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေငြာချက် အမှတ် ၉၇ အရ အုပ်ချုပ်ရေးစနစ်သစ်ကိုဖော်ထုတ်ခဲ့ရာ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံးကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ရုပ်သိမ်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် အဖွဲ့ခွဲ(၃)ခုဖြင့်ဖွဲ့စည်း၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့သည်။
 
ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၇၇ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း တည်ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၄၄ ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း အဆောက်အဦ (ယခု ယုဇနဂါးဒင်းဟိုတယ်)နေရာသို့ ရုံးနေရာပြောင်းရွေ့ခဲ့သည်။
 
၁၉၉၅ ခုနှစ်၊ မတ်လတွင် အဆိုပါရုံးနေရာမှ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းနှင့် မင်းကျောင်းလမ်းထောင့်ရှိ ခြံအမှတ် ၂၄ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး နေရာဟောင်း အဆောက်အဦသို့ ရုံးနေရာပြောင်းရွှေ့ခဲ့ပြီး အဆိုပါနေရာမှ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ နဝဒေးဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
 
ထို့နောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၌ နေပြည်တော် ရုံးအမှတ် ၂၀ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ရုံးအမှတ် ၂၄ သို့ ထပ်မံပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။<ref name=mod>{{cite news|url=https://www.myanmar.gov.mm/my/ministry-of-defense|title=ကာကွယ်​ရေးဝန်ကြီးဌာန|last=|first=|author2=|date= |publisher=Myanmar National Portal|accessdate=}}</ref>
 
== တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ==
# [[မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး|ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်]] တပ်မတော်ကာကွယ်ရေးဦးစီးချုပ်