ဗမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
 
== နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ==
ဗမာလူမျိုးတို့သည် '''တိဘက်-မြန်မာ'''(TbetoTibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ '''မွန်ဂိုလွိုက်'''(Mongoloid race) ဖြစ်သည်<ref>[http://dictionary.infoplease.com/mongoloid Meaning of Mongoloid | Infoplease<!-- Bot generated title -->]</ref><ref>[http://robertlindsay.wordpress.com/category/raceethnicity/asians/se-asians/burmese/ Burmese | Beyond Highbrow - Robert Lindsay<!-- Bot generated title -->]</ref> ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီး[[ဒေါက်တာသန်းထွန်း]] က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရပါသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာပါသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်ပါသည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရပါသည်။မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့ပါသည်။မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။<ref>https://www.myanmarisp.com/History/General_Hsitory/his0011/</ref>
 
မနုဿသမိုင်းအရ ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြပါသည်။ အေဒီ ၁၀ ရာစုမတိုင်မှီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီတွင် မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်ကာရောက်ရှိနိုင်ခဲ့သည်။ [[အနော်ရထာ]]၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ [[တပင်ရွှေထီး]]-[[ဘုရင့်နောင်]]တို့ ၏ဒုတိယပြည်ထောင်စု(ဒုတိယမြန်မာနိုင်ငံတော်ကြီး)၊ [[အလောင်းဘုရား]]၏ တတိယပြည်ထောင်စု(တတိယမြန်မာနိုင်ငံတော်ကြီး)တို့ကိုတည်ထောင်ကာ သမိုင်းတစ်လျောက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ [[ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ]] (အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံအပေါ် ပထမ ကျူးကျော်စစ်ပွဲ) အပြီးတွင် မဏိပူရ ၊ တနင်္သာရီနှင့် ရခိုင် ဒေသများကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး ၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ ကျရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ်အထိ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး [[ဗိုလ်ချုပ်အောင်ဆန်း]]၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှ အုပ်ချုပ်မှု အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး [[ပြည်ထောင်စုမြန်မာနိုင်ငံတော်|မြန်မာပြည်]] အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။ နောက် ၁၉၆၂ ခုနှစ်တွင် [[ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်]] အဖြစ် ကူးပြောင်းကာ [[တစ်ပါတီ]]ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၂၆ နှစ်အကြာတွင် [[တစ်ပါတီ]]စနစ်ပျက်သုဉ်းပြီး တပ်မတော်မှ နိုင်ငံ့အာဏာကို ထိန်းသိမ်းခဲ့သည်။ ၂၀၁ဝ ခုနှစ်တွင် ပါတီစုံ [[ဒီမိုကရေစီ]]စနစ်သို့ကူးပြောင်းရန်စီမံလျက်ရှိပြီး [[ကမ္ဘာ့ကုလသမဂ္ဂ|ကုလသမဂ္ဂ‎]] ၊ [[အာဆီယံ]] ၊ [[WTO]] စသည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။