မြစေတီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

ပါဠိဘာသာထည့်သွင်း
စာကြောင်း ၉ -
[[ပုဂံ]]မြို့တောင်ဖက်၊ [[မြင်းကပါ]]ရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများအနက် လက်ဦးကျရုံမကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ်သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂူပြောက်ကြီး ကျောက်စာဟူ၍လည်းခေါ်ကြသည်။
==ကျောက်စာတိုက် နှစ်တိုက်==
မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြည်တိုက်တွင်ပုဂံပြတိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈⁠၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန်အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။ မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ [[ဂူပြောက်ကြီး (မြင်းကပါ)|ဂူပြောက်ကြီး]]လိုဏ်ဂူအတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။
 
ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာတစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်ပျူစာ ၄ မျိုးရေးထိုးထား၏။ ပုဂံပြည်တိုက်တွင်ရှိသောပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်သည် လေးထောင့်မတ်ရပ် ကျောက်စာတိုင်ဖြစ်၍၊ လေးဖက်စာမျက်နှာပြင် အကျယ်ချင်းညီ၏။ အမြင့် ၅ ပေ ၁၁ လက်မ၊ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်ခန့် ရှိ၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄၁၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၉၊ မွန်စာမျက်နှာတွင် စာကြောင်းရေ ၃၃ နှင့်ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၆ အသီးအသီး ပါဝင်ရေးထိုးထားသည်။မြစေတီရင်ပြင်ပေါ်၌ပါဝင်ရေးထိုးထားသည်။ မြစေတီရင်ပြင်ပေါ်၌ ရှိသော ကျောက်စာတိုင်မှာမူကား မတ်ရပ်လေးထောင့် ကျောက်တိုင် ဖြစ်ငြားသော်လည်း၊ ကျောက်စာမျက်နှာပြင် ၂ ဖက်သည် ပိုမိုကျယ်ပြန့်လျက်၊ ကျန် ၂ ဖက်မှာ ကျဉ်းသည်။ အကျယ်ဖက် ၂ ဖက်တွင် ၁ ပေ ၈ လက်မခန့် ရှိ၍အကျဉ်းဖက်၌ ၁ဝ လက်မခွဲမှ ၁၂ လက်မအထိသာ ရှိသည်။ အကျယ်မျက်နှာပြင်ဖက်၌ စာမျက်နှာပြင် ၄ ပေ ၄ လက်မခန့် ရှိ၍၊၁ ပေ ၇ ၁/၂ လက်မ ကျယ်ပြန့်လေသည်။ အကျယ်ဖက်တွင် ပါဠိနှင့် မြန်မာစာများကို ရေးထိုး၍ အကျဉ်းဖက်တွင် မွန်နှင့်ပျူစာများကိုရေးထိုးထား၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄ဝ၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၄၊ မွန်စာမျက်နှာတွင်စာကြောင်းရေ ၄၆ နှင့် ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၉ အသီးအသီး ရေးထိုးထားလေသည်။
 
မြစေတီကျောက်စာကို ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်အမည်ရှိသော မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင်သော်လည်းကောင်း၊ နောက်တစ်နှစ်ဖြစ်သော ၄၇၅ ခုနှစ်၌သော် လည်းကောင်း ရေးထိုးသည်ဟု ယူဆကြလေသည်။ ကျန်စစ်သားသည် အနော်ရထာမင်း၏ အမျက်တော်ကြောင့်ကြောင်ဖြူအရပ်၌အမျက်တော်ကြောင့် ကြောင်ဖြူအရပ်၌ ပုန်းရှောင်နေစဉ် မထီးတူမ သမ္ဘူလနှင့်တွေ့၍ မယားအဖြစ်သိမ်းယူလေ၏။ [[အနော်ရထာ]]မင်းကွယ်လွန်၍ [[စောလူးမင်း]]နန်းတက်သောအခါ ကျန်စစ်သားသည် ရာဇကုမာရ်ကို ပဋိသန္ဓေတည်နေသော သမ္ဘူလအား သားယောက်ျားမွေးသော် ပုဂံပြည်သို့ လာခဲ့ဟု မှာ၍ စောလူးမင်းထံ ခစားလေသည်။ စောလူးမင်း ကွယ်လွန်တော်မူသောအခါ သက္ကရာဇ် ၄⁠၄၆ ခုနှစ်တွင် ကျန်စစ်သားသည် ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်ဘွဲ့နှင့် နန်းတက်တော်မူသည်။ ၂ နှစ်ကြာလတ်သော် သမ္ဘူလသည် နန်းတော်သို့ ရာဇကုမာရ်နှင့် ရောက်လာ၏။ မင်းကြီးလည်း သမ္ဘူလအား ဦးဆောက်ပန်းဟူသော တြိလောကဝဋံသကာ ဒေဝီအမည်နှင့် မိဖုရားမြှောက်လေသည်။ မြေးတော် အလောင်းစည်သူကို ဘိသိက်သွန်းပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဇေယခေတ္တရာဘွဲ့နှင်း၍ ဓညဝတီ တောင်စဉ်ခုနစ်ခရိုင်ကို စားစေ၏။ ရာဇကုမာရ်မင်း
သားသည် ၄၇၄ ခုနှစ်တွင် ခမည်းတော် နာမကျန်းဖြစ်၍ သေအံ့မူး⁠မူး၌ ခမည်းတော်အတွက် ရည်စူးလျက် ရွှေဆင်းတုဘုရားကို ဌပနာ၍ ရွှေအထွတ်ရှိသော ကူဘုရား (ဂူပြောက်ကြီး) ကိုတည်ပြီးလျှင်ထိုကူဘုရားအား စောင့်ရှောက်ပူဇော်စိမ့်သောငှာ မိမိ၏ အမွေအနှစ် ဖြစ်သော ကျွန်သုံးရွာကိုလည်း လှူလေသည်။ ထိုနောက် အမိအဖတို့၏ ရှေးဖြစ် ရှေးဟောင်းတို့ကို ပြန်ပြောင်းအောက်မေ့ကာ မှတ်တမ်း ရေး၍ ကျောက်စာတိုင် စိုက်ခဲ့လေသည်။ မြစေတီကျောက်စာတိုင်၌ အက္ခရာများ၏ ပုံမှာ အဝိုင်းမဟုတ်ဘဲ မန်ကျည်းစေ့ပုံ ဖြစ်လေသည်။